AD
AD
AD
play

 

ယမန်နှစ် ဇူလိုင်လက အဆိုတော်မလေး အေရီရာနာဂရန်ဒီကို အိမ်ဖြူတော်မှာ ကျင်းပပြုလုပ်မယ့်ပွဲမှာ ဖျော်ဖြေဖို့ ဖိတ်ထားရာကနေ ပယ်ဖျက်ခဲ့တာဖြစ်ပါတယ်။ စက်တင်ဘာလမှာ ပြုလုပ်မယ့်ပွဲကို အေရီရာနာ ဖျော်ဖြေဖို့ ဖျက်သိမ်းလိုက်တယ်လို့ ဇူလိုင်လမှာ အိမ်ဖြူတော်ဘက်က သတင်းထုတ်ပြန်ခဲ့ပေမဲ့ အကြောင်းရင်းတိတိပပ ကြေညာခဲ့ခြင်းမရှိပါဘူး။

play

 

ယခုနှစ် ဇူလိုင် ၂၃ ရက်မှာ ထွက်ပေါ်လာတဲ့ Wikileak ရဲ့ ထုတ်ပြန်ချက်တွေထဲမှာ ထိုစဉ်ကအကြောင်းရင်းကိုပါ ဖော်ပြလာပါတယ်။ ထိုစဉ်က အေရီရာနာ ဂရန်ဒီဟာ သူမရဲ့ချစ်သူနဲ့အတူ ဒိုးနတ်ဆိုင်တစ်ခုမှာရှိနေခဲ့ပြီး ချစ်သူကိုနမ်းကာ မုန့်ကို လျှာနဲ့လျက်ပြခဲ့ပါတယ်။ ဒါတင်မက " ကျွန်မ အမေရိကန်တွေကိုမုန်းတယ်" လို့ ပြောခဲ့မိတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ Wikileak ဟာ ဒီမိုကရက်တစ်ပါတီရဲ့ အီးမေးလ်အချို့ကို hack ခဲ့ရာကနေ အဆိုတော်မလေးရဲ့အကြောင်းကိုပါ တွေ့ရှိသွားရတာဖြစ်ပါတယ်။

Source : Indy100

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD