International Celebrity: ပရိသတ်ယောင်ဆောင်ပြီး ဝယ်လ်စမစ်သ်ကို နောက်ပြောင်ခဲ့တဲ့ ဟင်နရီကဗီးလ်

စူပါမန်းက ဒီလိုစနောက်တတ်မှန်း မသိခဲ့ဘူးလေ။

play

 

စနေနေ့က ဆန်ဒေးဂိုးမှာ ပြုလုပ်ခဲ့တဲ့ Suicide Squad မိတ်ဆက်ပွဲမှာ ပရိသတ်တွေကို လက်မှတ်ထိုးပေးနေတဲ့ ဝယ်လ်စမစ်ဟာ မျက်နှာဖုံးတပ်ထားသူတစ်ဦးကြောင့် ရုတ်တရက် အံ့သြသွားခဲ့ရပါတယ်။ မျက်နှာဖုံးအောက်ကလူဟာ သူကောင်းကောင်းကြီးသိတဲ့ စူပါမန်းမင်းသားကြီး ဟင်နရီကဗီးလ်ဖြစ်နေမှန်းတော့ နောက်မှ သိလိုက်ရတာပါ။

play

 

ကဗီးလ်က ဝယ်လ်စမစ်လက်မှတ်ထိုးနေတဲ့စားပွဲကို Guy Fawkes မျက်နှာဖုံးတပ်ကာ ချဉ်းကပ်သွားပြီး ဝယ်လ်စမစ်နဲ့အတူ ဆယ်ဖီတွဲရိုက်ဖို့ ပြောခဲ့ပါတယ်။ စူပါမင်းတီရှပ်ကိုဝတ်ထားပြီး လက်ထဲမှာလည်း ကာတွန်းစာအုပ်တွေကိုင်ထားတဲ့ မျက်နှာဖုံးတပ်လူကို ပရိသတ်လို့ပဲ ဝယ်လ်စမစ်က ထင်ထားခဲ့တာပါ။

play

 

ကင်မရာကိုချိန်ရင်း တပြိုင်နက်တည်းမှာ မျက်နှာဖုံးချွတ်လိုက်တဲ့ ကဗီးလ်ကိုမြင်တော့မှ အံ့သြဝမ်းသာဖြစ်သွားရပါတယ်။ ပြီးတော့ ဝမ်းသာအားရနဲ့ အဆက်မပြတ်ကို ရယ်နေခဲ့ရပါတော့တယ်။

Source : US Weekly

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ