International Celebrity: ခင်ပွန်းလောင်းက သူမကို သတ်ဖို့ကြံစည်တယ်လို့ အော်ခဲ့တဲ့ လင်ဆေးလိုဟန်

လင်ဆေးလိုဟန်ရဲ့ အိမ်တံခါးကို ရဲတွေက ချိုးဖျက်ဝင်ရောက်ခဲ့ရပါတယ်။

play

 

ဟောလိဝုဒ်မင်းသမီး လင်ဆေးလိုဟန်ဟာ ဒေါသကြီးလှတဲ့ သူမရဲ့ခင်ပွန်းလောင်းနဲ့ အကြီးအကျယ်ရန်ဖြစ်ပြီးတဲ့နောက် ရဲတပ်ဖွဲ့ဟာ လန်ဒန်မှာရှိတဲ့ သူမရဲ့ တိုက်ခန်းထဲကို ဝင်ဖို့ တံခါးကို ချိုးဖျက်ခဲ့ရပါတယ်။

အသက် ၃၀ နှစ်အရွယ် လင်ဆေးလိုဟန်ဟာ သူမရဲ့ရည်းစား အသက် ၂၂ နှစ်အရွယ် အက်ဂါတာရာဘက်ဆော့ဗ်နဲ့ လသာဆောင်မှာ ရန်ဖြစ်ခဲ့ကြပါတယ်။

play

 

"သူ ကျွန်မကို လည်ပင်းညှစ်တယ်။ ကျွန်မသေတော့မလို့" လို့ လင်ဆေးလိုဟန်ရဲ့ အော်ဟစ်ပြောဆိုသံကြောင့် အိမ်နီးချင်းတွေ နိုးကုန်ကြပါတယ်။

ဇူလိုင်လ ၂၃ ရက် မနက် ၅ နာရီမှာ သူမရဲ့ ပေါင် ၃.၂ သန်းတန် အိမ်အပြင်ကနေ အော်ဟစ်နေတာကို အိမ်နီးချင်းတစ်ဦးက ဗီဒီယို ရိုက်ကူးထားခဲ့ပါတယ်။

play

 

သူမနာမည်နဲ့ လိပ်စာကို အော်ရင်း "လုပ်ကြပါဦး..သူ ကျွန်မကို လည်ပင်းညစ်သွားတယ်။ ကျွန်မ သေတော့မလို့။ ဒါကို လူတိုင်းသိရမယ်။ ငါ့အိမ်ထဲကထွက်သွား" လို့ သူမက အော်ခဲ့တာပါ။

"လုပ်လေ။ လုပ်ရဲရင် ထပ်လုပ်လိုက်။ အရူး။ ဒါငါ့အိမ်။ ငါ့အိမ်ထဲက ထွက်သွား" လို့ သူမက ပြောခဲ့ပါတယ်။

"တော်ပြီ။ နင့်ကို ငါမချစ်တော့ဘူး။ နင် ငါ့ကို သတ်ဖို့ ကြိုးစားတယ်။ နင်က အရူးပဲ" လို့လည်း သူမ က အက်ဂါကို ပြောနေတာကို ဗီဒီယိုထဲမှာ ကြားရပါတယ်။

play

 

တိုင်ကြားမှုတွေကြောင့် နောက် ၁၀ မိနစ်အကြာမှာ ရဲတွေ ရောက်လာခဲ့ပြီး တံခါးကို ဖျက်ပြီး ဝင်ခဲ့ပေမဲ့ တိုက်ခန်းထဲမှာ ဘာမှ မတွေ့ရပါဘူး။

play

 

ဘာပြစ်မှုမှ ကျူးလွန်ထားခြင်း မရှိတဲ့အတွက် ဖမ်းဆီးအရေးယူမှု မလုပ်ခဲ့ဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ရဲတပ်ဖွဲ့ရောက်ရှိခဲ့ပြီး ၂၄ နာရီ မပြည့်ခင်မှာပဲ လင်ဆေးလိုဟန်ဟာ သူငယ်ချင်းတစ်ဦးနဲ့အတူ အိမ်ကနေ ထွက်သွားတာကို မြင်တွေ့ရပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ