International Celebrity: တင်ပါးပေါ်တက်တူးထိုးနေတုန်း ဗီဒီယိုရိုက်ပြီး လူမှုကွန်ရက်ပေါ်တင်လိုက်တဲ့ ကိုင်လီ

သူမအတွက် ပဉ္စမမြောက်တက်တူးပါ။

play

 

အရွယ်နဲ့မလိုက်အောင် ကျော်ကြားနေတဲ့ ကိုင်လီဂျန်နာက လှပတဲ့ကိုယ်လုံးတွေကို ပိုင်ဆိုင်ထားတာ အားလုံးအသိပါပဲ။ သေးသွယ်တဲ့ခါးပိုင်ရှင်ကိုင်လီက သူမအတွက် ပဉ္စမမြောက်တက်တူးကို တင်ပါးပေါ်မှာ ရေးထိုးလိုက်ပါတယ်။

play

 

တနင်္ဂနွေနေ့တုန်းက တက်တူးထိုးခဲ့တာဖြစ်ပြီး တက်တူးထိုးနေတုန်းရိုက်ထားတဲ့ ဗီဒီယိုကိုလည်း အင်စတာဂရမ်ပေါ် တင်ပေးခဲ့ပါတယ်။ အနက်ရောင်ဇာအတွင်းခံကိုဝတ်ထားတဲ့ သူမရဲ့ဘယ်ဘက်တင်ပါးမှာ တက်တူးရေးထိုးနေတာပါ။ ပုံစံကတော့ ခပ်သေးသေး စာကြောင်းတစ်ခုလို့ ယူဆရပါတယ်။ သူမကတော့ တက်တူးပုံကို ထုတ်မပြောသေးပါဘူး။

play

 

ကိုင်လီဟာ တက်တူးသေးသေးလေးတွေ ထိုးရတာ ဝါသနာပါပုံရပါတယ်။ သူမအသက် ၁၈ နှစ်ပြည့်တဲ့နေ့ကစပြီး ညာလက်မောင်းအပေါ်မှာ အသည်းပုံတက်တူးသေးသေးလေးကို စတင်ရေးထိုးလိုက်ပါတယ်။

play

 

ဒုတိယမြောက်တက်တူးကတော့ Sanity ဆိုတဲ့စာကို ညာဘက်ခါးစောင်းမှာ တင်ထားတာဖြစ်ပါတယ်။

play

 

အဘွားရဲ့နာမည် Mary Jo က သူမရဲ့တတိယမြောက်တက်တူးအဖြစ် လက်မောင်းပေါ်ရောက်လာပါတယ်။

play

 

လွန်ခဲ့တဲ့ ၃လ တုန်းက လက်သန်းတွေမှာ မျဉ်းတွန့်အနီရောင်လေးတွေ ရေးထိုးခဲ့ပါတယ်။

Photo : Kylie Jenner Instagram

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ