International Celebrity: ပြိုကွဲသွားတဲ့ တေလာဆွစ်အဖွဲ့

ကန်ဒဲလ်ဂျန်နာနဲ့ တေလာဆွစ်တို့ကြားမှာ အဖွဲ့နှစ်ဖွဲ့ ကွဲသွားခဲ့ပါတယ်။

play

 

တေလာဆွစ်ဟာ ကာညေးဝက်စ်နဲ့ ကင်မ်ကာဒါရှီယန်တို့နဲ့ ပြဿနာဖြစ်ပြီးတဲ့နောက် ကန်ဒဲလ်ဂျန်နာက သူမရဲ့အစ်မ ကင်မ်ဘက်က ရပ်တည်လိုက်တဲ့အတွက် တေလာဆွစ်ရဲ့အဖွဲ့ဟာ နှစ်ဖွဲ့ကွဲသွားရတာ ဖြစ်ပါတယ်။

play

 

ဂျီဂျီဟက်ဒီး၊ ကာရာဒယ်လဗင်း၊ ကာလီကလော့စ်တို့နဲ့အတူ တေလာဆွစ်က လွတ်လပ်ရေးနေ့ (ဇူလိုင် ၄ ရက်) ကို ကျင်းပခဲ့ပြီး ရက်အနည်းငယ်အကြာမှာ ကင်မ်နဲ့ တေလာဆွစ်ရဲ့ ပြဿနာက ဟိုးလေးတကျော် ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

play

 

တေလာရဲ့ အချစ်ဆုံးသူငယ်ချင်းအဖြစ် ၇ နှစ်တိုင်တိုင်ရှိခဲ့တဲ့ ကာလီကလော့စ်ဟာ တေလာ့ဘက်ကနေ ကာကွယ်ပြောကြားပေးမယ့် ပထမဆုံးသူဖြစ်မယ်လို့ မျှော်လင့်ထားပေမဲ့လည်း ကာလီဟာ သူငယ်ချင်းဘက်က လူသိရှင်ကြား ရပ်တည်ပြောကြားခြင်း မရှိခဲ့ပါဘူး။

play

 

တေလာရဲ့အချစ်ဆုံးသူငယ်ချင်း နောက်တစ်ဦးဖြစ်တဲ့ ဂျီဂျီဆိုရင်လည်း ယင်းကိစ္စနဲ့ ပတ်သက်ပြီး ခပ်မဆိတ်သာ နေခဲ့ပြီး ကန်ဒဲလ်ဂျန်နာနဲ့ အတွဲမပြတ်ရှိနေတဲ့အတွက် သူမဟာ ကန်ဒဲလ်ဘက်မှာ ရှိနေတယ်လို့ ယူဆရပါတယ်။

play

 

ကန်ဒဲလ်နဲ့ ဂျီဂျီဟာ ဇူလိုင်လ ၂၅ ရက်မှာ နယူးယော့ခ်က ဂီတပွဲတော်တစ်ခုကို အတူတက်ရောက်ခဲ့ပေမဲ့ တေလာဆွစ်ရဲ့ အရိပ်အယောင်ကိုတော့ မမြင်ရပါဘူး။

play

 

တေလာရဲ့ လွတ်လပ်ရေးနေ့ ပါတီပွဲမှာ ရှိခဲ့တဲ့ ဗြိတိန်မော်ဒယ် ကာရာဟာလည်း သူမရဲ့ ရုပ်ရှင်ဇတ်ကားသစ် Suicide Squad အထူးပွဲတွေနဲ့သာ အလုပ်ရှုပ်နေခဲ့ပါတယ်။

play

 

ဒါပေမဲ့ တေလာ့ဘက်ကနေ အမြဲရပ်တည်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ကတော့ ရှိနေခဲ့ပါတယ်။ သူကတော့ ဆယ်လီနာဂိုးမက်စ်ပါပဲ။ သူမဟာ တေလာဆွစ်ကို ထောက်ခံတဲ့ စကားကို တွစ်တာမှာ တင်ခဲ့ပါသေးတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ