International Celebrity: ဂျရယ်မီရန်နာရဲ့ ဇနီးဟောင်းက ကလေးစရိတ်ပေးဖို့ရုံးတော်မှာလျှောက်ထား

ကလေးကျောင်းစရိတ် ဒေါ်လာ ၄၈၃၆၇ တောင်းပေးဖို့အတွက် တရားရုံးမှာဦးတိုက်လျှောက်ထားလိုက်တာဖြစ်ပါတယ်။

play

 

အမေရိကန်သရုပ်ဆောင် ဂျရယ်မီ ရန်နာထံကနေ ကလေးစရိတ်တောင်းခံပေးဖို့ ဇနီးဟောင်း ဆန်နီပါချီကိုက တရားရုံးမှာလျှောက်ထားလိုက်ပါတယ်။ ကလေးက မူကြိုတက်တော့မှာဖြစ်လို့ ဒေါ်လာငါးသောင်းနီးပါး ပေးဖို့ တောင်းလိုက်တာပါ။

play

 

ယင်းတို့ဇနီးမောင်နှံ ကွာရှင်းစဉ်က ကလေးစရိတ်အဖြစ် တစ်လကို ဒေါ်လာ ၁၃၀၀၀ ထောက်ပံ့မယ်လို့ ဂျရယ်မီက ကတိပြုခဲ့ပါတယ်။ ဒါပေမဲ့ တစ်လ ဒေါ်လာ ၈၀၀ ပေးရတဲ့ ကလေးမူကြိုသင်တန်းကြေး ကျန်တဲ့ ဒေါ်လာ ၁၆၀၀ ကိုတောင် ပေးဖို့ငြင်းဆန်နေတယ်လို့ သူမကဆိုပါတယ်။ ဒါကြောင့် ဂျရယ်မီထံကနေ ကလေးကျောင်းစရိတ် ဒေါ်လာ ၄၈၃၆၇ တောင်းပေးဖို့အတွက် တရားရုံးမှာဦးတိုက်လျှောက်ထားလိုက်တာဖြစ်ပါတယ်။

play

 

Marvel ရဲ့ စူပါဟီးရိုးရုပ်ရှင်တွေထဲမှာ မြားပစ်ကျွမ်းကျင်သူ ဟော့ကိုင်းအဖြစ်ပါဝင်တဲ့ သရုပ်ဆောင်ဂျရယ်မီဟာ ကနေဒါမော်ဒယ် ဆန်နီနဲ့ ၂၀၁၄ ခုနှစ် ဇန်နဝါရီမှာ လက်ထပ်ခဲ့ပြီး ဒီဇင်ဘာလကုန်မှာ ကွာရှင်းဖို့လျှောက်လွှာတင်ခဲ့ပါတယ်။ လက်မထပ်ခင် ၂၀၁၃ ခုနှစ်ကတည်းက သမီးဖြစ်သူ အဗာ ဘာလင်ကို မွေးဖွားခဲ့တာပါ။

Source : TMZ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ