International Celebrity: အိုင်းရှဲဒိုးအသစ် မိတ်ဆက်လိုက်တဲ့ ကိုင်လီဂျန်နာ

ကိုင်လီဟာ နှုတ်ခမ်းနီထုတ်တာနဲ့တင် အတော်ချမ်းသာနေသူ ဖြစ်ပါတယ်။

play

 

ကိုင်လီဂျန်နာနှုတ်ခမ်းနီဟာ ရောင်းမလောက်အောင် နာမည်ကြီးနေချိန်မှာ Kyshadow နာမည်နဲ့ အိုင်းရှဲဒိုး ထပ်ထုတ်လိုက်ပါတယ်။

play

 

ပထမဆုံး Kyshadow Kit ကို ဒီနေ့ (ဇူလိုင် ၂၆ ရက်) ကစလို့ kyliecosmetics.com မှာ ရောင်းချတာလိုက်တာ ဖြစ်ပါတယ်။

ဗူးတစ်ဗူးမျာ အိုင်းရှဲဒိုးအရောင် ၉ ရောင်ပါပြီး အားလုံးက နီညိုရောင်ကို အခြေခံ ထားတာ ဖြစ်ပါတယ်။

play

 

"ကျွန်မက နီညိုရောင်နဲ့ အညိုရောင်တွေကို ကြိုက်တယ်။ ဒီအိုင်းရှဲဒိုးဘူးကို နေ့တိုင်း ကျွန်မသုံးပါတယ်" လို့ ကိုင်လီကိုယ်တိုင် ပြောထားတဲ့ ဗီဒီယိုကို သူမရဲ့ဝက်ဘ်ဆိုဒ်ပေါ်မှာ တင်ထားပါတယ်။

ဈေးနှုန်းအတိအကျကို မသိရသေးပေမဲ့ တစ်ဘူးကို ဒေါ်လာ ၅၀ ဝန်းကျင်ကျသင့်မယ်လို့ ယူဆရပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ