International Celebrity: ရှိုးပွဲလာကြည့်ရင် ပိုကီမွန်မဖမ်းကြနဲ့လို့ ရီဟားနားကပြော

ဘီယွန်းဆေးရှိုးပွဲလာတဲ့ အမျိုးသမီးပရိသတ်ကို ရှိုးပွဲကိုကျောခိုင်းပြီး ပိုကီမွန်လိုက်ဖမ်းနေတဲ့ဖြစ်ရပ်လည်း ဖြစ်ခဲ့ဖူးတော့ အလားတူဖြစ်ရပ်မျိုးဖြစ်လာမှာကို ရီဟားနားက မလိုလားဘူးနဲ့တူပါတယ်။

play

 

ရီဟားနားက လက်ရှိကမ္ဘာမှာလူကြိုက်အများဆုံးဂိမ်းဖြစ်နေတဲ့ Pokémons Go ဂိမ်းကို သိပ်ပြီးကြည်ပုံမရပါဘူး။ အထူးသဖြင့် သူမရဲ့ပရိသတ်တွေက သူမရဲ့သီချင်းကို နားမထောင်ဘဲ ဂိမ်းဆော့နေမှာကို သည်းညည်းမခံနိုင်တဲ့ပုံပါ။

play

 

မကြာသေးခင်ကမှ ပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲမှာလည်း " ဒီပွဲမှာ ရှင်တို့ ပိုကီမွန်ဖမ်းနေတာ မမြင်ချင်ဘူးနော်" လို့ ပွင့်ပွင့်လင်းလင်း ထုတ်ပြောပြီး သတိပေးခဲ့ပါတယ်။ ဒါတင်မက ရည်းစားဆီ စာလှမ်းရိုက်နေတာကိုလည်း မတွေ့ချင်ဘူးလို့လည်းပြောကြားခဲ့ပါတယ်။ သူမရဲ့ ဖျော်ဖြေမှုကို ပရိသတ်က အလေးမထားမှာ စိုးရိမ်ဟန်တူပါရဲ့။

play
တနင်္လာနေ့က ရီဟားနားရဲ့အင်စတာဂရမ်မှာ မြင်ရတဲ့ဘီကီနီပုံ

 

ရီဟားနားရဲ့ Anti ကမ္ဘာလှည့်ဖျော်ဖြေပွဲကို မတ်လ ၁၂ ရက်နေ့စပြီး ဖလော်ရီဒါမှာ ဖျော်ဖြေခဲ့ကာ နောက်ဆုံးပိတ်ပွဲကိုတော့ နိုဝင်ဘာ ၂၇ မှာ အဘူဒါမြို့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ