International Celebrity: ဆွဲဆောင်မှုကောင်းတဲ့ မျက်ဝန်းပိုင်ရှင် ပြင်သစ်မင်းသမီးချော

သွယ်လျတဲ့ ခန္ဓာကိုယ်အလှ တောက်ပလှပတဲ့ မျက်ဝန်းအစုံတို့ကြောင့် အလှဆုံး စုန်းကဝေမလေးအဖြစ် အနုပညာလောကမှာ နာမည်တွင်နေသူပါ။

play

 

လှပပြီး ဆွဲဆောင်မှုအားကောင်းတဲ့ မျက်ဝန်းပိုင်ရှင် ပြင်သစ်လူမျိုး မော်ဒယ်မင်းသမီးချော အီဗာဂရင်းက ပါရီမှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး ၂၀၀၀ ခုနှစ်နောက်ပိုင်းမှစတင်ကာ အနုပညာလောကကို ဝင်ရောက်ခဲ့သူပါ။

play


ထူးထူးခြားခြားနဲ့ ထိတ်လန့်တုန်လှုပ်ဖွယ်၊ စိတ်ဝင်စား ခြောက်ချားဖွယ်ကောင်းတဲ့ ရုပ်ရှင်ဇာတ်လမ်းတွေမှာ ပါဝင်သရုပ်ဆောင်လေ့ရှိပါတယ်။

play


သူမဟာ သွယ်လျတဲ့ ခန္ဓာကိုယ်အလှ တောက်ပလှပတဲ့ မျက်ဝန်းအစုံတို့ကြောင့် အလှဆုံး စုန်းကဝေမလေးအဖြစ် အနုပညာလောကမှာ နာမည်တွင်နေသူလည်း ဖြစ်ပါတယ်။

play


ရုပ်ရှင်ဇာတ်ကား အများအပြားမှာ သရုပ်ဆောင်ခဲ့ပေမယ့် ၂၀၁၂ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ Dark Shadows ထိတ်လန့်သည်းဖို ဟာသရုပ်ရှင်ဇာတ်ကားမှာ မင်းသားကြီး ဂျော်နီဒပ်နဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့ရာက အီဗာကို ပရိသတ်တွေ တခဲနက် အားပေးလာခဲ့ကြပါတယ်။

play


အဲ့ဒီ့ဇာတ်ကားထဲမှာလည်း သူမဟာ သူမရဲ့သွင်ပြင်နဲ့ အလိုက်ဖက်ဆုံးဖြစ်တဲ့ လှပကြော့ရှင်းနေတဲ့ စုန်းကဝေ အမျိုးသမီးအဖြစ် သရုပ်ဆောင်ခဲ့တာပါ။ နောက်ပိုင်းမှာတော့ 300 : Rise of an Empire မှာလည်း သူမ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အောင်မြင်မှုတွေ ထပ်မံရရှိခဲ့ပါတယ်။

play


Penny Dreadful ဆိုတဲ့ ထိတ်လန့်သည်းဖိုရုပ်ရှင် ဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ သူမဟာ အခု ၂၀၁၆ မှာရုံတင်ပြသမယ့် Miss Peregrine's Home for Peculiar Children ဇာတ်ကားမှာလည်း ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ထားပါတယ်။

play


အနုပညာဆုတံဆိပ် ၄ ခုတိတိ ပိုင်ဆိုင်ထားတဲ့ အီဗာဟာ သူမကိုယ်သူမ ပေါင်းသင်းရခက်ပြီး တစ်ကိုယ်တည်း အေးအေးဆေးဆေး နေတတ်သူလို့ သတင်းသမားတွေကို ပြောခဲ့ဖူးပါတယ်။

play


ထူးထူးခြားခြား အချစ်ရေးအချစ်ရာ သတင်းတွေ ကြားရလေ့မရှိတဲ့ သူမဟာ အခုထက်ထိတော့ သရုပ်ဆောင်အလုပ်ကို ရူးသွပ်တဲ့ အနုပညာရှင်တစ်ယောက် အဖြစ်သာ ပရိသတ်တွေ သိရှိထားသူ ဖြစ်ပါတယ်။ အီဗာကို ၁၉၈၀ ခုနှစ် ဇူလိုင် ၆ ရက်မှာ မွေးဖွားခဲ့တာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ