International Celebrity: ၂၀၁၆ မောင်ကမ္ဘာဆု ရခဲ့တဲ့ ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံး အမျိုးသား

ကမ္ဘာပေါ်မှာ ဆွဲဆောင်မှုအရှိဆုံး အမျိုးသားအဖြစ် တရားဝင်သတ်မှတ်ခံလိုက်ရသူပါ။

play

 

အင်္ဂလန်နိုင်ငံ၊ ဆော့သ်ပို့မြို့မှာ ပြုလုပ်တဲ့ Mr World ပြိုင်ပွဲမှာ အိန္ဒိယ သရုပ်ဆောင်နဲ့ မော်ဒယ် ရိုဟစ်ခန်ဒယ်လ်ဝေါဟာ ဖိုင်နယ်စာရင်းဝင် ၄၆ ဦးထဲကနေ Mr World ဆုကို ဇူလိုင်လ ၂၆ ရက်မှာ ဆွတ်ခူးသွားခဲ့တာ ဖြစ်ပါတယ်။

play

 

"Mr World 2016 ဖြစ်ရတာ အခွင့်အရေးကြီးတစ်ရပ်ကို ရလိုက်သလို ခံစားရပါတယ်။ ဒီနေရာအထိ တက်လှမ်းနိုင်ခဲ့တာ တကယ့်ကို မယုံနိုင်စရာပါပဲ။ နောက်ထပ် ဘာထပ်ဖြစ်မလဲဆိုတာ သိချင်လှပြီ" လို့ ဆုရရှိစဉ်မှာ မစ္စတာခန်ဒယ်လ်ဝေါက ပြောခဲ့ပါတယ်။

မစ္စတာခန်ဒယ်လ်ဝေါဟာ လွန်ခဲ့တဲ့ နှစ်နှစ်က မော်ဒယ်နဲ့ သရုပ်ဆောင်လုပ်ဖို့အတွက် မွမ်ဘိုင်းမြို့ကို ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။

play

 

များစွာ ကြိုးစားရုန်းကန်ခဲ့ပြီးတဲ့နောက် နောက်ဆုံးမှာ သူဟာ ရုပ်သံစီးရီးတစ်ခုမှာ နေရာလေးတစ်ခု ရရှိခဲ့ပြီး Mr India ပြိုင်ပွဲအကြောင်းကို သူငယ်ချင်းဖြစ်သူက ပြောမှသာ ကြားဖူးခဲ့သူ ဖြစ်ပါတယ်။

သူဟာ Mr India ဆုရရှိဖို့ အရမ်းကို ကြိုးစားခဲ့ပြီး Mr World ဆုအတွက် အဲဒီထက် နှစ်ဆ ကြိုးစားခဲ့သူ ဖြစ်ပါတယ်။

play

 

ဖက်ရှင်နဲ့ စတိုင်၊ ဘက်စုံထူးချွန်မှုနဲ့ အားကစားစွမ်းရည်တွေနဲ့ ပြိုင်ဆိုင်ရတဲ့ အဲဒီပြိုင်ပွဲကို ကမ္ဘာတစ်ဝန်းလုံးက အမျိုးသားတွေ ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။

ယခုနှစ် မောင်ကမ္ဘာဆုပေးပွဲမှာ ဒုတိယဆုကို ပါတိုရီကိုက ဖာနန်ဒိုအယ်လ်ဗာရက်ဇ်နဲ့ တတိယဆုကို မက္ကဆီကိုက အက်စ်ပါဇာရမ်မီရက်ဇ်တို့ ရရှိခဲ့ပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ