International Celebrity: ဝိတ်ကျသွားလို့ အပြစ်တင်ခံနေရတဲ့ အကိတ်မော်ဒယ်

အရင်ကတော့ သူမဟာ ခန္ဓာကိုယ်ကြီးမားလို့ အမြဲလှောင်ပြောင်ခံခဲ့သူပါ။

play

 

အသက် ၂၈ အရွယ် အကိတ်မော်ဒယ် အက်ရှလေဂရေဟမ်ဟာ အရင်က သူမရဲ့ ဖွံ့ဖြိုးလှတဲ့ကိုယ်လုံးကြောင့် အလှောင်ပြောင်ခံခဲ့ရပေမဲ့ အခုတော့ သူမကို ပိန်လွန်းလို့ဆိုပြီး အင်တာနက်အသုံးပြုသူများက အပြစ်တင်နေကြပါပြီ။

play

 

မတ်လတုန်းက မော်ဒယ်တစ်ဦးဟာ အက်ရှလေရဲ့ တုတ်ခိုင်မှုက မကျန်းမာမှုကို ပြတာလို့ ပြောတဲ့အတွက် ပြန်တောင်းပန်လိုက်ရပါတယ်။

"သူလို မော်ဒယ်မျိုးတွေသာ ထပ်ထွက်လာရင် သူတို့တွေ အလုပ်ပြုတ်လိမ့်မယ်" လို့ ဝတဲ့သူတွေကို လှောင်ပြောင်တဲ့ ဘလော့ဂါတစ်ဦးဖြစ်သူ မာရှလေနီကိုးက လှောင်ပြောင်ခဲ့ဖူးပါတယ်။

play

 

ဒါပေမဲ့လည်း အက်ရှလေဟာ ပြီးခဲ့တဲ့ အပတ်က အနည်းငယ် ပိန်သွယ်သွားတဲ့ ခန္ဓာကိုယ်ကို အင်စတာဂရမ်မှာ တင်လိုက်တော့ ပရိသတ်က သူမရဲ့ သွယ်လျမှုကို မနှစ်သက်နိုင်တော့ပါဘူး။

"မင်းရဲ့ ကောက်ကြောင်းတွေ ဘယ်ရောက်သွားလဲ" လို့ တစ်ဦးက ရေးထားပြီး နောက်တစ်ဦးကတော့ "မင်းက ဝိတ်အတော်ကျသွားတာပဲ။ ငါ မင်းရဲ့ ပရိသတ် မဟုတ်တော့ဘူး။ မင်းက လူတွေအများကြီးကို သစ္စာဖောက်လိုက်တာပဲ" လို့ စွပ်စွဲထားပါတယ်။

play

 

အက်ရှလေကတော့ " လူတွေက ကျွန်မစာမျက်နှာလာပြီး ကျွန်မခန္ဓာကိုယ်ကို ကဲ့ရဲ့ကြတယ်။ ကျွန်မက သိပ်ကြီးတယ်။ သိပ်သေးတယ်ပေါ့။ ကျွန်မ သူတို့ရဲ့စံနှုန်းတွေနဲ့ မညီလို့ အဲဒီလို ပြောကြတာ။ သေးသေး၊ ကြီးကြီး အဲဒါဟာ ကျွန်မပါပဲ။ တခြားသူ စိတ်ကျေနပ်စေဖို့အတွက် ကျွန်မခန္ဓာကိုယ်ကို သူတို့စိတ်ကြိုက် ဖြစ်သင့်တယ်လို့ ဆုံးဖြတ်တာမျိုး ကျွန်မခွင့်မပြုဘူး" လို့  Snapchat ကနေ ပြန်ပြောခဲ့ပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ