International Celebrity: ဖိနပ်ဒီဇိုင်နာလုပ်နေပြန်တဲ့ ဂျေလို

play

 

အဆိုတော်သရုပ်ဆောင် မမကြီး ဂျနီဖာလိုပက်ဇ်ကတော့ နောက်ထပ်ဖက်ရှင်ခြေလှမ်းသစ်ကို စတင်လိုက်ပြန်ပါပြီ။ အီတလီဖိနပ်အမှတ်တံဆိပ်တစ်ခုအတွက် ဒီဇိုင်းတွေ ရေးဆွဲပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဒီဇိုင်နာ Giuseppe Zanotti နဲ့အတူ ဖိနပ်ဒီဇိုင်းတွေကို ဝင်ရောက်ရေးဆွဲပေးခဲ့တယ်လို့ သိရပါတယ်။

play

 

" ကျွန်မလည်း တခြားမိန်းကလေးတွေလိုမျိုး အမိုက်စားရှုးဖိနပ်တွေကို ချစ်တာပေါ့၊ ကော်ဇောနီပေါ်မှာလျှောက်ရတာပဲဖြစ်ဖြစ် ပုံမှန်ထသွားထလာပဲဖြစ်ဖြစ် သင့်လျော်တဲ့ရှုးဖိနပ်က ကျွန်မရဲ့ဝတ်စားဆင်ယင်မှုကို ပြီးပြည့်စုံစေသလို ပိုပြီးလှတယ်၊ ဆက်စီကျတယ်လို့လည်း ခံစားမိစေတယ်လေ" လို့ ဂျေလိုက ဆိုပါတယ်။

play

 

Giuseppe နဲ့အတူ ဂျေလိုက ဖိနပ်ဒီဇိုင်းအသစ်တွေကို ပူးပေါင်းဖန်တီးတော့မှာပါ။ ဂျေလိုက ဒေါက်မြင့်တွေကြိုက်တာဆိုတော့ ကုမ္ပဏီဘက်ကလည်း ဂျေလိုအကြိုက် ဒေါက်မြင့်ဒီဇိုင်းတွေအသားပေးထုတ်လုပ်သွားမယ့်သဘောရှိပါတယ်။

Source : Bazaar

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ