International Celebrity: အီဖယ်မျှော်စင်ရှေ့မှာ ကနေကြတဲ့ ဘီယွန်းဆေးတို့သားအမိ

ဘီယွန်းဆေးဟာ ကမ္ဘာလှည့်ဖျော်ဖြေပွဲအစီအစဉ်နဲ့ ဥရောပကို ရောက်နေတာ ဖြစ်ပါတယ်။

play

 

အသက် ၃၄ နှစ်အရွယ် အဆိုတော်  ဘီယွန်းဆေးဟာ ပါရီမှာ ခင်ပွန်းဖြစ်သူ ဂျေဇီးနဲ့ သမီး ဘလူးအိုင်ဗီတို့နဲ့အတူ အပန်းဖြေနေတာကို မြင်တွေ့ရပါတယ်။

play

 

အီဖယ်မျှော်စင်ကြီးကို လှမ်းမြင်ရတဲ့ ဟိုတယ်တစ်ခုပေါ်ကနေ ဘီယွန်းဆေးဟာ လေးနှစ်အရွယ် သမီးငယ်လေးနဲ့အတူ ကနေပုံလေးက မြင်သူတိုင်း ပြုံးချင်စရာလေးပါပဲ။

play

 

သားအမိနှစ်ယောက်စလုံးဟာ နှင်းဆီပန်းတွေနဲ့ ပျားလေးတွေ ဖြန့်ကျဲထားတဲ့ Gucci အင်္ကျီဆင်တူကိုလည်း ဝတ်ထားပါသေးတယ်။

play

 

အီဖယ်မျှော်စင်ကို အနီးကပ်ဆုံး မြင်ရတဲ့အတွက် အဲဒီနေရာက ဓာတ်ပုံရိုက်လို့ အလှဆုံးနေရာဖြစ်တဲ့အတွက် ဘီယွန်းဆေးဟာ ခင်ပွန်းဖြစ်သူ ဂျေဇီးနဲ့လည်း အတူတွဲလို့ ဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ