International Celebrity: ဘားနဲ့ ဒစ္စကိုပါတဲ့ ဇိမ်ခံ ပျားဟိုတယ်

လေ့လာမှုတစ်ခုအရ ယူကေမှာဆိုရင် ကျေးလက်ထက် မြို့တွေမှာ ပျားတွေ ပိုရှိနေတာကို တွေ့ရှိရပါတယ်။

play

 

ပျားတွေဟာ အသီးအနှံနဲ့ ဆေးဖက်ဝင်လက်ဖက်တို့ စိုက်ပျိုးရာမှာလည်း အဓိကကျတဲ့အတွက် ပျားအရေအတွက် နည်းသွားရင် အစားအစာထုတ်လုပ်မှုပေါ် သက်ရောက်နိုင်တဲ့အတွက် လက်ဖက်ထုတ်လုပ်သူတို့က ကော်မရှင်ဖွဲ့ပြီး သုတေသန ပြုလုပ်ခဲ့ကြပါတယ်။

သူတို့ရဲ့သုတေသနအရ မြို့ပြဒေသ တစ်စတုရန်းကီလိုမီတာအတွင်းမှာ ပျမ်းမျှပျားမျိုးစိတ် ၉.၃ ရှိပြီး လယ်ကွင်းတွေမှာတော့ ၇.၃ ပဲ ရှိတာကို တွေ့ရှိရပါတယ်။

play

 

ပျားတွေ မျိုးမသုဉ်းစေဖို့ Taylors of Harrogate ပျားဟိုတယ်မှာ ပျားတွေအတွက် ဇိမ်ခံအခန်းတွေ ထားပေးပြီး Rose Lemonade စားသောက်ဆိုင်ထဲမှာတော့ ပျားတွေဟာ ဝတ်မှုန်ပန်းကန်တွေကို ကြိုက်သလို စားသုံးနိုင်ပါတယ်။

ပျားတွေကို Spiced Apple Reception နဲ့ ကြိုဆိုနေပြီး အနားယူဖို့ ဝတ်ရည်တွေနဲ့ ဖြည့်ထားတဲ့ Lemongrass Ginger ဘားကိုလည်း ထားပေးပါတယ်။

ဟိုတယ်ထိပ်မှာတော့ ဒီဂျေဘားတစ်ခုနဲ့ ရေစိမ်ချိုးဖို့ သကြားရေကန်လည်း ရှိပါတယ်။

play

 

ပျားတွေရဲ့ အရေးပါမှုကို ဖော်ညွှန်းနေတဲ့ ပျားဟိုတယ်ဟာ လူတွေကို သင်ပြပေးဖို့နဲ့ ဖျော်ဖြေဖို့တင်မဟုတ်ဘဲ ဒီလုပ်ဆောင်ချက်ကို အားကျအတုယူစေဖို့လည်း ရည်ရွယ်ကြောင်း ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိတ်ဟော်လိုရန်က ပြောခဲ့ပါတယ်။

"ဒီပြဿနာ (ပျားတွေနည်းပါးခြင်း) ကို သတိပြုမှုမြင့်တက်ပြီး အားလုံး ပူးပေါင်းပါဝင်လာကာ သူတို့ရဲ့ပန်းခြံလေးတွေကစလို့ ပျားဟိုတယ်တွေ ကူညီဖန်တီးပေးစေလိုပါတယ်" လို့ သူမက ပြောခဲ့ပါတတယ်။

Source & Photoos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ