International Celebrity: ရမ္ဘုိ သို့မဟုတ် ဖိုက်တာမင်းသားကြီး စတားလုံး

ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာ မင်းသားအဖြစ် သရုပ်ဆောင်ရုံတင်မကဘဲ ဇာတ်ကားကောင်း အများအပြားကိုလည်း ရိုက်ကူးထုတ်လုပ်ခဲ့သူ ဖြစ်ပါတယ်။

play


ဟောလိဝုဒ်ရဲ့နာမည်အကြီးဆုံး အက်ရှင်မင်းသားကြီးတွေထဲက တစ်ယောက်ဖြစ်တဲ့ ရုပ်ရှင်ထုတ်လုပ်သူ ဒါရိုက်တာ ဆီဗက်စတာ စတားလုံးဟာ နယူးယော့ခ်မှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး ၁၉၇၀ ခုနှစ်မှစတင်ကာ အနုပညာလောကကို ဝင်ရောက်ခဲ့သူပါ။

play


အဓိကအားဖြင့်  ဖိုက်တင်အသားပေး ရုပ်ရှင်ဇာတ်လမ်းတွေမှာ သရုပ်ဆောင်လေ့ရှိပါတယ်။ ရုပ်ရှင်ဇာတ်ကားပေါင်း များစွာမှာ မင်းသားအဖြစ် သရုပ်ဆောင်ရုံတင်မကဘဲ ဇာတ်ကားကောင်း အများအပြားကိုလည်း ရိုက်ကူးထုတ်လုပ်ခဲ့သူ ဖြစ်ပါတယ်။

play


၁၉၈၅ ခုနှစ် Rambo ရုပ်ရှင်ဇာတ်ကားကနေပြီး ပရိသတ်တွေရဲ့အားပေးမှုကို တခဲနက်ရရှိခဲ့တဲ့ စတာလုံးဟာ အဲ့ဒီ့နောက်မှာလည်း အက်ရှင်ဇာတ်ကြမ်းကားတွေနဲ့ စစ်ကားအချို့နဲ့အတူ အောင်မြင်မှုတွေ ဆက်တိုက်ရရှိခဲ့ပါတယ်။

play


၂၀၁၀ ခုနှစ်မှာတော့ သူကိုယ်တိုင် ဇာတ်ညွန်းရေးရိုက်ကူးပြီး သူနဲ့အတူ အခြား ဟောလိဝုဒ် အက်ရှင်မင်းသားတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ The Expendables ရုပ်ရှင်ဇာတ်ကားဟာလည်း သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး ရုပ်ရှင်ဇာတ်ကားစာရင်းမှာ ပါဝင်ခဲ့ပါတယ်။

play


၂၀၁၂ နဲ့ ၂၀၁၄ ခုနှစ်မှာလည်း The Expendables 2 နဲ့ 3 ဆက်လက် ရုံတင်ပြသနိုင်ခဲ့ပါတယ်။ Marvel ရဲ့ Guardians of the Galaxy Vol. 2 ရုပ်ရှင်ဇာတ်ကားမှာလည်း စတာလုံး သရုပ်ဆောင်ဦးမယ်လို့ သတင်းထွက်နေပါတယ်။

play


ဘယ်လိုဇာတ်ရုပ်ကနေပါရှိမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ ဖိုက်တာမင်းသားကြီး စတားလုံးကို ၁၉၄၆ ခုနှစ် ဇူလိုင် ၆ ရက်မှာ မွေးဖွားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ