International Celebrity: လယ်သာစကတ်လေးနဲ့ ကန်ဒဲလ်ဂျန်နာရဲ့ အလန်းစားစတိုင်

ခါတိုင်းထက်တောင် လန်းနေပါသေးတယ်။

play

 

ကာဒါရှီယန်နဲ့ ဂျန်နာမိသားစုဟာ အဘွား မယ်ရီဂျိုးကန်ဘဲလ်ရဲ့ ၈၂ နှစ်ပြည့်မွေးနေ့ပွဲအတွက် ဆန်ဒီရေးဂိုးကို ရောက်ရှိလာကြပါတယ်။

play

 

မွေးနေ့ပွဲကို လာရောက်ကြတဲ့ ကာဒါရှီယန်ညီအစ်မတွေရဲ့ ဖက်ရှင်ကြောင့် စောင့်ကြည့်နေကြတဲ့ ပရိသတ်တွေ ပါးစပ်အဟောင်းသား ဖြစ်စေခဲ့သလိုပဲ ကန်ဒဲလ်ဂျန်နာကလည်း လယ်သာမီနီစကတ်လေးကို Crop Top လေးနဲ့ တွဲဖက်ဝတ်လို့ ဖက်ရှင်ကျကျ လန်းနေတာကို မြင်တွေ့ရပါတယ်။

play

 

ကန်ဒဲလ်ဂျန်နာဟာ သူမရဲ့ ခပ်ဖြောင့်ဖြောင့်ဘော်ဒီဂတ်လေးနဲ့အတူ ဆန်ဒီရေးဂိုးမှာရှိတဲ့ La Valencia ဟိုတယ်ထဲကို ဝင်လာချိန်မှာ မြင်တွေ့လိုက်ရတာ ဖြစ်ပါတယ်။

play
ကာညေးဝက်စ်နဲ့ ခရစ္စဂျန်နာ

 

ကန်ဒဲလ်ဂျန်နာဟာ အဘွားရဲ့မွေးနေ့ပွဲတက်ရောက်ဖို့ နယူးယော့ခ်ကနေ လော့ဆန်းဂျလိစ်ကို လွန်ခဲ့တဲ့ နှစ်ရက်ကမှ ရောက်လာခဲ့တာ ဖြစ်ပါတယ်။

play
ခရစ္စဂျန်နာရဲ့မိခင် မယ်ရီဂျိုးကန်ဘဲလ်

 

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ