International Celebrity: ကလေးမွေးပြီးမှအနုပညာအလုပ်တွေပြန်လုပ်တော့ နေ့တိုင်းငိုကြွေးခဲ့ရတယ်ဆိုသူ ဇိုး ဆယ်လ်ဒါနာ

အမြွှာသားလေးနှစ်ယောက်ရဲ့ မိခင်က သိပ္ပံအက်ရှင်ကားတွေမှာ လူကြိုက်များပါတယ်။

play

 

ကလေးမွေးပြီးမှ ရိုက်ကူးရေးတွေပြန်လုပ်ရတဲ့အခါ နေ့တိုင်းလိုလို ငိုကြွေးမိတယ်လို့ အမေရိကန် လူမည်းမင်းသမီးက People မဂ္ဂဇင်းကို ဖွင့်ပြောခဲ့ပါတယ်။ သူမအတွက်တော့ သားနှစ်ယောက်ကိုထိန်းကျောင်းရင်း ရုပ်ရှင်ရိုက်နေရတာက ကြီးမားတဲ့စိန်ခေါ်မှုကြီးတစ်ခုပါပဲ။

play

 

 " ပြီးခဲ့တဲ့နွေရာသီတုန်းကဆို Star Trek Beyond ဇာတ်ကားရိုက်ဖို့ သရုပ်ဆောင်တွေအကုန်လုံးက အချိန်ပိုပေးခဲ့ကြရတယ်။ တစ်ဝက်လောက်ကတော့ မိဘဘဝမရောက်ကြသေးဘူးကိုး။ ကျွန်မမှာတော့ ၆ လသား အမြွှာရင်သွေးတွေကိုပစ်ထားပြီးရိုက်ခဲ့ရတာ" လို့ ဇိုးက ပြောပါတယ်။ ကလေးတွေကို နို့တိုက်ဖို့၊ ရေချိုးပေးဖို့နဲ့ မိသားစုဝင်တွေ ညစာအတူစားဖို့တောင် အိမ်ကို အချိန်မီပြန်မရောက်ခဲ့ပါဘူး။ ခင်ပွန်းသည်က ကလေးကူထိန်းပေးလို့သာ သက်သာရာရတယ်လို့ သူမက ဆိုပါတယ်။

play

 

ဇိုးနဲ့ မာကိုတို့ဟာ ၂၀၁၃ ခုနှစ် ဇွန်လမှာ လက်ထပ်ခဲ့ကြပြီး ၂၀၁၄ ခုနှစ် နိုဝင်ဘာမှာ အမြွှာသားလေးနှစ်ဦးကို မွေးဖွားခဲ့တာဖြစ်ပါတယ်။ Avater ၊ Guardians of the Galaxy ဇာတ်ကားတွေလို သိပ္ပံအက်ရှင်ကားတွေမှာ ပိုပြီးနာမည်ရတဲ့ ဇိုးဟာ Star Trek Beyond မှာလည်း လက်ဖတင်နင် Uhura အဖြစ် ပါဝင်ထားပါတယ်။

Source : People

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ