International Celebrity: လင်ဆေးလိုဟန် ကိုယ်ဝန်ရှိနေပြီလား

လင်ဆေးလိုဟန်ရဲ့ ဖခင်ကိုယ်တိုင်က အတည်ပြုပြောကြားခဲ့တာ ဖြစ်ပါတယ်။

play

 

လင်ဆေးလိုဟန်နဲ့ သူမရဲ့ခင်ပွန်းလောင်း အက်ဂါတာရာဘက်စ်ဆော့ဗ်တို့ဟာ အကြီးအကျယ် ရန်ဖြစ်ခဲ့တာကြောင့် ဟိုးလေတကျော်ဖြစ်သွားခဲ့ပါသေးတယ်။ အခုတော့ လင်ဆေးလိုဟန်ဟာ သားဦးလေးလွယ်ထားရပြီဆိုတဲ့ သူမရဲ့ဖခင် မိုက်ကယ်လိုဟန်ရဲ့ ပြောလာပါတယ်။

"သမီးက ကျွန်တော့်ဆီ စာပို့ပြီး ပြောတာ။ ကျန်တာတော့မသိဘူး" လို့ မိုက်ကယ်လိုဟန်က ပြောပါတယ်။

play

 

အသက် ၃၀ နှစ်အရွယ် ဟောလိဝုဒ်မင်းသမီး လင်ဆေးလိုဟန်ဟာ "လင်ဆေးလိုဟန် Labour Pains နမူနာ— ကျွန်မကိုယ်ဝန်ရှိနေပြီ" ဆိုတဲ့ စာသားနဲ့အတူ ကိုယ်ဝန်ဆောင်နေတဲ့ပုံစံ ဓာတ်ပုံတစ်ပုံကို ပြီးခဲ့တဲ့ စနေနေ့က တင်ခဲ့ပြီးတဲ့နောက်မှာတော့ သူမမှာ ကိုယ်ဝန်ရှိနေပြီဆိုတဲ့ သတင်းတွေ ထွက်လာပေမဲ့ လင်ဆေးက အဲဒီပို့စ်ကို ဖျက်ပစ်ခဲ့ပါတယ်။

play

 

"သူ့မှာ ကိုယ်ဝန်ရှိနေပြီလို့ ပြောတာပဲ။ ဒါပေမဲ့ အာရုံစိုက်ခံချင်လို့ ပြောတာလည်း ဖြစ်နိုင်တယ်" လို့ လင်ဆေးလိုဟန်နဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

လင်ဆေးလိုဟန်ရဲ့ဖခင် မိုက်ကယ်ကတော့ ပြီးခဲ့တဲ့တစ်ပတ်ထဲမှာ သူ့သမီးက ခင်ပွန်းလောင်းကို စွပ်စွဲခဲ့တဲ့ အနိုင်ကျင့်မှုတွေ၊ ဖောက်ပြန်မှုတွေ ကိစ္စနဲ့ ပတ်သက်ပြီး သူမရဲ့ခင်ပွန်းလောင်း အက်ဂါနဲ့ စကားပြောချင်တယ်လို့ ဆိုပါတယ်။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ