International Celebrity: မိုက်ကယ်ဂျက်ဆင် ငယ်ငယ်က အဓမ္မကျင့်ခံခဲ့ရ

မိုက်ကယ်ဂျယ်ဆင်ရဲ့အကြောင်း စာအုပ်ထဲမှာ ထည့်သွင်းရေးသားထားတာ ဖြစ်ပါတယ်။

play

 

မိုက်ကယ်ဂျက်ဆင်ရဲ့ ဆရာဝန် ကွန်ရက်ဒ်မာရေး ရေးသားတဲ့ စာအုပ်ထဲမှာ ကမ္ဘာကျော်အဆိုတော်ကြီးဟာ ငယ်စဉ်က အဓမ္မကျင့်ခံရတယ်လို့ ရေးထားပါတယ်။

play

 

ကွန်ရက်ဒ်ရဲ့ စာအုပ်ထဲမှာ သေဆုံးသွားပြီဖြစ်တဲ့ ပေါ့ပ်ဘုရင်ကြီးမှာ လျှို့ဝှက်ထားတဲ့ အဖြစ်အပျက်တွေ တစ်ခုမက ရှိနေတာကိုလည်း သိရှိလိုက်ရပါတယ်။

play

 

"သိလား ဒေါက်တာ ကွန်ရက်ဒ်..ကျွန်တော်က ဓမ္မတာနဲ့ဆန့်ကျင်ပြီး ကာမစပ်ယှက်မှုရဲ့ သားကောင်ပါ" လို့ မိုက်ကယ်ဂျက်ဆင်က ပြောခဲ့တယ်လို့ ကွန်ရက်ဒ်က ဆိုထားပါတယ်။

play

 

ဒီအကြောင်းဟာ ဘယ်သူ့ကိုမှ မပြောခဲ့ဖူးတဲ့ လျှို့ဝှက်ချက်ဖြစ်ပြီး သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း မင်းသမီး အဲလိဇဘက်တေလာကိုတောင် မပြောခဲ့ဖူးပါဘူး။

play

 

"ကျွန်တော့်ကို ကျွန်တော့်အဖေက ဘယ်လောက် ရိုက်နှက်ခဲ့တာ၊ ကျွန်တော် ဘယ်လောက် ဆဲဆိုခံရတာ၊ ရုပ်ဆိုးတယ်လို့ ပြောခံရတာတွေကို လူတွေက အမြဲပြောခဲ့ကြတယ်။ အဲဒီလိုတွေဖြစ်ခဲ့တာ မှန်ပါတယ်။ ဒီနေ့ခေတ်မှာတောင် မိသားစုအတော်များများမှာ ကလေးတွေ အားလူအဖြစ်အပျက်တွေ ကြုံနေရမှာပါ။ ဒါပေမဲ့ သူတို့တွေ ဓမ္မတာနဲ့ဆန့်ကျင်တဲ့ ကာမစက်ယှက်မှု ခံရမှာမဟုတ်ဘူး။ ဒါဟာ ဖြစ်နေကျကိစ္စလို့ ကျွန်တော်မထင်ဘူး" လို့ မိုက်ကယ်ဂျက်ဆင်က ပြောခဲ့တယ်လို့ ဆိုပါတယ်။

Source & Photos : Hollywoodlife

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ