International Celebrity: တစ်ည ဒေါ်လာ ၁၉,၀၀၀ ပေးရတဲ့ ဘီယွန်းဆေးတည်းခဲ့တဲ့ ပါရီက ဟိုတယ်ခန်း

အီဖယ်မျှော်စင်ကြီးကို အနီးကပ်မြင်တွေ့ရတဲ့နေရာပါ။

play

 

ဘီယွန်းဆေးဟာ သူမရဲ့ Formation World Tour (ကမ္ဘာလှည့်ဖျော်ဖြေပွဲခရီးစဉ်) အတွင်း ပြင်သစ်ရဲ့မြို့တော်ကို ရောက်ချိန်မှာ Shangri-La Hotel မှာ တည်းခိုခဲ့တာ ဖြစ်ပါတယ်။

play

 

သူမဟာ အလှဆုံးရှုခင်းတွေကို ကြည့်ရှုနိုင်ဖို့ ဟိုတယ်ရဲ့အပေါ်ဆုံးထပ်အခန်းကို ယူခဲ့ပြီး အဲဒီအခန်းက တစ်ညကို ဒေါ်လာ ၁၉,၀၀၀ ကျသင့်တယ်လို့ ဆိုပါတယ်။

play

 

၂,၀၃၈ စတုရန်းပေကျယ်တဲ့ အခန်းကျယ်ကြီးမှာ ဘီယွန်းဆေးဟာ ခင်ပွန်းဖြစ်သူ ဂျေဇီး၊ လေးနှစ်အရွယ် သမီးလေး ဘလူးအိုင်ဗီတို့နဲ့အတူ တည်းခိုခဲ့ပါတယ်။

play

 

တစ်ခန်းလုံးကို မှန်ပြတင်းတွေ တပ်ထားတဲ့အတွက် ပါရီမြို့ရဲ့ရှုခင်းတွေကို အပြည့်မြင်တွေ့ရပါတယ်။

play

 

ဘက်စုံရှုခင်းအလှကို မြင်တွေ့ရတဲ့ အခန်းကျယ်ကြီးရဲ့ စတုရန်းပေ ၉၀၀ ကျယ်တဲ့ ဝရန်တာမှာ သူတို့မိသားစုတွေဟာ အလှဓာတ်ပုံတွေ အမြောက်အမြား ရိုက်ကူးခဲ့ကြပါသေးတယ်။

Source & Phtoso : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ