International Celebrity: ကင်မ်ကာဒါရှီယန်ရဲ့ခန္ဓာကိုယ်မှာ ကာညေးဝက်စ်သဘောအကျဆုံးအရာ

ကာညေးဝက်စ် အနှစ်ခြိုက်ဆုံးအရာက ကင်မ်ရဲ့ ကမ္ဘာကျော်တဲ့ ခန္ဓာကိုယ်မဟုတ်ဘူး။

play

 

ကာညေးဝက်စ်ဟာ သူ့ရဲ့ဇနီး ကင်မ်ကာဒါရှီယန်ရဲ့ နာမည်ကျော် ကိုယ်လုံးတီးဆယ်ဖီပုံတွေကို သဘောကျကြောင်း ဝန်ခံခဲ့ပေမဲ့ သူ့အတွက် အရေးကြီးဆုံးက အဲဒီအရာ မဟုတ်ခဲ့ပါဘူး။

ကာညေးဝက်စ်ဟာ ကင်မ်ရဲ့ခန္ဓာကိုယ်မှာ အနှစ်ခြိုက်ဆုံးက သူမရဲ့ နှလုံးသားဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

play

 

ကမ္ဘာကျော် ဆယ်လီစုံတွဲဟာ Harper's Bazaar မဂ္ဂဇင်းရဲ့ စက်တင်ဘာလထုတ် မျက်နှာဖုံးအတွက် စုံတွဲဓာတ်ပုံ ရိုက်ပေးရင်း အခုလို ဖြေကြားသွားခဲ့တာ ဖြစ်ပါတယ်။

play

 

"ကင်မ့်ခန္ဓာကိုယ်မှာ ကျွန်တော်အကြိုက်ဆုံးက သူ့နှလုံးသားပါ" လို့ ကာညေးက ပြောသွားခဲ့သလို ကင်မ်ကာဒါရှီယန်ကလည်း "ကျွန်မလည်း ကာညေးရဲ့နှလုံးသားလို့ပဲ ပြောရမယ်။ ပြီးတော့ သူ့ခြေထောက်တွေကိုလည်း သဘောကျတယ်" လို့ ဆိုခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ