International Celebrity: ကုန်ကျစရိတ်အများဆုံး တရုတ်ရုပ်ရှင်မှာ ဂျက်ကီချန်း ပါဝင်မည်

သြစတြေးလျမှာ အဓိက ရိုက်ကူးမယ့် 'Bleedig Steel' မှာ မင်းသားကြီး ဂျက်ကီချန်း ပါဝင်မှာဖြစ်ပါတယ်။

play


နာမည်ကျော် အက်ရှင်မင်းသား ဂျက်ကီချန်းက တရုတ် ရုပ်ရှင်ဇာတ်ကားများအနက် သမိုင်းတစ်လျှောက် ကုန်ကျစရိတ် အများဆုံးဖြစ်တဲ့ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

play


သြစတြေးလျမှာ အဓိက ရိုက်ကူးမယ့် သိပ္ပံဆန်းကြယ်နဲ့ သည်းထိတ်ရင်ဖို ဇာတ်ကား 'Bleedig Steel' မှာ မင်းသားကြီး ဂျက်ကီချန်း ပါဝင်မှာဖြစ်ပါတယ်။

play


အဆိုပါ ဇာတ်ကားကို ဘေဂျင်း၊ တိုင်ပေနဲ့ ဆစ်ဒနေမြို့များမှ အထင်ကရ နေရာတွေမှာ ရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။ ဆစ်ဒနေရဲ့ Opera House နဲ့ Harbor Bridge တို့မှာ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

play


၁၉၉၆ ခုနှစ်က သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ အဓိက ရိုက်ကူးထားတဲ့ 'Mr. Nice Guy' မှာ ဂျက်ကီချန်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

play


ဂျက်ကီးချန်းရဲ့ မိဘများမှာ သြစတြေးလျတွင် နှစ်ပေါင်း ၄၀ ကြာ နေထိုင်ခဲ့ပြီး ဂျက်ကီချန်းကလည်း သြစတြေးလျကို မကြာခဏ လာရောက်လေ့ရှိပါတယ်။
Source & Photo: Xinhua

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ