International Celebrity: ဆယ်လီတွေရဲ့ နှုတ်ခမ်းစူစူ ဆယ်ဖီကြောင့် နှုတ်ခမ်းနီများ ရောင်းအားတက်

ဆယ်လီတွေရဲ့ ဆယ်ဖီပုံတွေက ဗြိတိန်မှာ နှုတ်ခမ်းနီရောင်းအားကို ပိုကောင်းစေခဲ့တယ်လို့ ဈေးကွက်သုတေသနက ပြောပါတယ်။

play


ဆိုရှယ်မီဒီယာမှာ ဆယ်လီတွေရဲ့ နှုတ်ခမ်းစူပြီးရိုက်ထားတဲ့ ဆယ်ဖီဓာတ်ပုံတွေကြောင့် နှုတ်ခမ်းနီရောင်းအား သိသာစွာ မြင့်တက်လာတယ်လို့ ဆိုပါတယ်။

play


ဆိုရှယ်မီဒီယာမှာ ပရိသတ် သန်းနဲ့ချီရှိကြတဲ့ မော်ဒယ်မလေး ကိုင်လီဂျန်နဲ့ အလှအပရေးရာ ဘလော့ဂါ အချောအလှ ဇိုလာတို့လို့ ဆယ်လီတွေရဲ့ ဆယ်ဖီပုံတွေက ဗြိတိန်မှာ နှုတ်ခမ်းနီရောင်းအားကို ပိုကောင်းစေခဲ့တယ်လို့ ဈေးကွက်သုတေသနက ပြောပါတယ်။

play

ဗြိတိန်မှာ ယခုနှစ် နှုတ်ခမ်းနီရောင်းအားမှာ ပေါင်စတာလင် ၃၀၆ သန်းဖြစ်ဖြစ်ပြီး ယခင်နှစ်ကထက် ၁၂ ရာခိုင်နှုန်း တိုးတက်လာတယ်လို့ ဆိုပါတယ်။ တန်ဘိုးကြီး နှုတ်ခမ်းနီ အမှတ်တံဆိပ်တွေက သာမန်နှုတ်ခမ်းနီတွေထက် ပိုမိုရောင်းအားကောင်းလာပြီး ယခင်ကထက် နှစ်ဆနီးပါး ရောင်းအားတက်လာပါတယ်။

play

 

ဗြိတိန်မှာ ယခုနှစ်အတွင်း အသက် ၁၆ နှစ်မှ ၂၄ အရွယ်ရှိ အမျိုးသမီး ၄၈ ရာခိုင်နှုန်းက နှုတ်ခမ်းနီဝယ်ယူကြပြီး ယခင်နှစ်မှာတော့ ၄၀ ရာခိုင်နှုန်းက ဝယ်ယူခဲ့ကြကြောင်း လက်လီဈေးကွက် သုတေသနကုမ္ပဏီ Mintel က ပြောပါတယ်။

play


၂၀၁၆ ခုနှစ်အတွင်း ဗြိတိန်သူတွေက နှုတ်ခမ်းနီကဲ့သို့ အလှကုန်ပစ္စည်းတွေအတွက် စုစုပေါင်း ပေါင်စတာလင် ၁.၈ ဘီလီယံ အသုံးပြုခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ပေါင်စတာလင် ၁.၇ ဘီလီယံ သုံးခဲ့ကြကြောင်း သိရပါတယ်။

play


ဆိုရှယ်မီဒီယာမှာ ဆယ်လီတွေ လွှင်တင်တဲ့ နှုတ်ခမ်းနီဆိုးထားတဲ့ ဆယ်ဖီပုံတွေက အမျိုးသမီးတွေအတွက် နှုတ်ခမ်းအလှကို ပိုမိုဂရုစိုက်ပြင်ဆင်လိုစိတ် ဖြစ်စေတယ်လို့ ဆိုပါတယ်။
Source & Photo: DLML

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ