International Celebrity: ပရိသတ်တစ်ဦးက လက်ထပ်ခွင့်တောင်းဖို့လိုက်ရှာနေလို့ လုံခြုံရေးတိုးမြှင့်လိုက်ရတဲ့ ဟီလာရီဒပ်ဖ်

မြို့အနှံ့ကားမောင်းပြီး သူမကိုလိုက်လံရှာဖွေနေပါတယ်။

play

 

မင်းသမီး ဟီလာရီဒပ်ဖ်ကို ပရိသတ်တစ်ဦးက သူမရဲ့အိမ်ထိကို အတင်းလိုက်ပြီး လက်ထပ်ခွင့်တောင်းမယ်ဆိုလို့ လုံခြုံရေးတိုးမြှင့်ချထားလိုက်ရပါတယ်။ အဆိုပါပရိသတ်ဟာ မြို့အနှံ့ကားမောင်းပြီး သူမကိုလိုက်လံရှာဖွေနေခဲ့တယ်လို့ ရဲတပ်ဖွဲ့က သူမကို သတိပေးခဲ့တာပါ။

play

 

Beverly Hills  ရဲတပ်ဖွဲ့ရဲ့အဆိုအရ အမျိုးသားတစ်ဦးဟာ ယခုလအစောပိုင်းကစပြီး ဒရိုင်ဘာတစ်ဦးငှားရမ်းကာ ဟီလာရီဒပ်ဖ်ရဲ့ဓာတ်ပုံကိုကိုင်ပြီး သူမရဲ့အိမ်ကို လိုက်လံရှာဖွေစေခဲ့တယ်လို့ သိရပါတယ်။ သူက မင်းသမီးရဲ့အိမ်လိပ်စာကိုတော့ မသိပါဘူး။ ဟီလာရီဒပ်ဖ်ကိုတွေ့ရင် လက်ထပ်ခွင့်တောင်းမှာဖြစ်ကြောင်း အဆိုပါအမျိုးသားက ဒရိုင်ဘာကိုပြောခဲ့ပါတယ်။ ဒရိုင်ဘာက ရဲတပ်ဖွဲ့ကတစ်ဆင့် ဟီလာရီဒပ်ဖ်ကို အသိပေးခဲ့တာဖြစ်ပါတယ်။

play

 

ဟီလာရီဒပ်ဖ်ရဲ့လုံခြုံရေးအဖွဲ့တွေကတော့ ယင်းအမျိုးသားကိုသိကြောင်းနဲ့ ယခင်တည်းက အလားတူပုံစံမျိုးပြုမူခဲ့ဖူးတယ်လို့ ဆိုပါတယ်။ မင်းသမီးက ရဲကိုတိုင်တန်းတာတွေ မလုပ်ခဲ့တာသာဖြစ်တယ်လို့လည်း ပြောပါတယ်။ ခုတော့ သူမက လုံခြုံရေးတိုးမြှင့်ချထားလိုက်ပြီး အိမ်ဂိတ်တံခါးဝက အစောင့်တွေကလည်း နိုးနိုးကြားကြားနဲ့ သတိကြီးကြီးထားနေရပါပြီ။

Source : TMZ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ