International Celebrity: ကယ်ဗင်ဟားရစ်နဲ့ ဘာလိုလိုဆိုသူလေးရဲ့ အလန်းစားဗီဒီယို

အရင်တုန်းကတည်း သတင်းတွေထွက်နေခဲ့ကြတာပါ။

play

 

တေလာဆွစ်နဲ့ ပြတ်သွားပြီးနောက်ပိုင်း ကယ်ဗင်ဟားရစ်နဲ့တွဲနေတယ်လို့ သတင်းထွက်လာတဲ့ အဆိုတော်သရုပ်ဆောင်မလေးက တောက်ပတဲ့ဘီကီနီကိုဝတ်လို့ မာလီဘူးမှာ သီချင်းဗီဒီယိုရိုက်ကူးခဲ့ပါတယ်။

play

 

တီနာရှီဟာ ချိုချဉ်တွေကပ်ထားသလို ဖန်စီဆန်တဲ့ဘီကီနီလေးကိုဝတ်ထားပြီး သူမရဲ့ခန္ဓာကိုယ်အလှကို ပေါ်လွင်အောင်ပြင်ဆင်ထားတာကို ဗုဒ္ဓဟူးနေ့က တွေ့ခဲ့ရတာပါ။ အသက် ၂၃ နှစ်သာ ရှိသေးတဲ့ သူမက နုပျိုမှုရဲ့စွမ်းအင်ကို အပြည့်အဝအသုံးချဖို့ ဆက်စီကျတဲ့အသွင်ကိုလည်း ရယူထားပါတယ်။

play

 

ကမ်းခြေဖက်ရှင်အတိုင်း ဘီကီနီ၊ ဦးထုပ်၊ နားကွင်းကြီးကြီးတွေကို ခပ်ဟော့ဟော့ဝတ်ထားတာပါ။ ဒါတင်မက lollipop အနီရောင်တစ်လုံးကိုလည်း လက်ထဲမှာတွေ့ရပါသေးတယ်။

play

အနီရောင်ရေကူးဝတ်စုံဝတ်ထားတဲ့ အကသမားတွေကလည်း သူမကို အားဖြည့်ပံ့ပိုးပေးခဲ့ပါတယ်။

Source : Daily Mail

play
၂၀၁၄ ခုနှစ်ကတည်းက ကယ်ဗင်ဟားရစ်နဲ့ သတင်းထွက်နေခဲ့ပြီး ခုတစ်ဖန် တေလာနဲ့ကယ်ဗင်တို့ပြတ်သွားချိန်မှာ သတင်းတွေပြန်ထွက်လာတာပါ
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ