International Celebrity: စကိတ်စီးနေတဲ့ ဘရွတ်ကလင်းဘက်ခမ်း

ဘရွတ်ကလင်းရဲ့ စကိတ်စီးကျွမ်းကျင်မှုမှုကို မြင်တွေ့ရပါတယ်။

play

 

ဘရွတ်ကလင်းဘက်ခမ်းဟာ သူ့ရဲ့ချစ်သူ ဟောလိဝုဒ်မင်းသမီး ကလိုဝီဂရေ့စ်မိုရက်စ်က ဇူလိုင်လ ၂၈ ရက်နေ့မှာ ပြုလုပ်မယ့် ဒီမိုကရက်တစ် အမျိုးသား ညီလာခံမှာ မိန့်ခွန်းပြောဖို့ ပြင်ဆင်ရင်း အလုပ်များနေချိန်မှာ သူကတော့ နယူးယော့ခ်မှာ အေးအေးလူလူ စကိတ်စီးနေခဲ့ပါတယ်။

play

 

အသက် ၁၇ နှစ်အရွယ် ဘရွတ်ကလင်းဘက်ခမ်းကို ဇူလိုင်လ ၂၇ ရက်က နယူးယော့ခ်စီးတီးမှာ စကိတ်ဘုတ်တစ်ခုကို ကျွမ်းကျွမ်းကျင်ကျင်စီးနင်းပြနေတာကို မြင်တွေ့လိုက်ရတာ ဖြစ်ပါတယ်။

play

 

ဆံပင်တောင် အတော်ရှည်နေပြီဖြစ်တဲ့ ဘရွတ်ကလင်းဟာ နယူးယော့ခ်လမ်းမတွေ ထက်မှာ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ အေးအေးဆေးဆေး စကိတ်စီးနေခဲ့တာပါ။

play

 

အဖြူရောင် တီရှပွပွကို ဝတ်ဆင်ပြီး ပေါ့ပေါ့ပါးပါးစတိုင်နဲ့လည်း ကြည်ကောင်းနေတဲ့ ဘရွတ်ကလင်းဟာ လူတွေကြားထဲမှာ စကိတ်ဘုတ်တစ်ခုနဲ့ အလုပ်တွေ ရှုပ်လို့ သူငယ်ချင်းတစ်စုနဲ့အတူ လျှောက်သွားခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ