International Celebrity: ကိုယ်ဝန်ရှိတယ်ပြောပြီး ဆေးလိပ်နဲ့ ဘီယာသောက်နေတဲ့ လင်ဆေးလိုဟန်

တကယ်ကိုယ်ဝန်ရှိတာကော ဟုတ်ရဲ့လားလို့ အားလုံး ဇဝေဇဝါဖြစ်နေကြပါတယ်။

play

 

လင်ဆေးလိုဟန်ဟာ သူမမှာ ကိုယ်ဝန်ရှိနေပြီလို့ ပြီးခဲ့တဲ့အပတ်က အင်စတာဂရမ်မှာ ပြောခဲ့တဲ့အတွက် ပရိသတ်တွေ အံ့သြခဲ့ရပါတယ်။ အဲဒီပို့စ်ကို နောက်ပိုင်းမှာ ဖျက်ပစ်လိုက်ပေမဲ့လည်း သူမရဲ့ဖခင်ကို သူမမှာ ကိုယ်ဝန်ရှိနေပြီလို့ မက်ဆေ့ပို့ခဲ့တယ်လို့ သူမရဲ့ဖခင် မိုက်ကယ်လိုဟန်က ပြောခဲ့ပါတယ်။

play

 

အဲဒီနောက် ဇူလိုင်လ ၂၈ ရက်မှာတော့ လင်ဆေးလိုဟန်ကို ရေကူးဝတ်စုံနဲ့ ဇိမ်ခံရွက်လှေတစ်စင်းပေါ် အနားယူနေတာကို မြင်တွေ့ရပါတယ်။

play

 

ဓာတ်ပုံထဲမှာ ရေကူးဝတ်စုံဝတ်ထားတဲ့ လင်ဆေးလိုဟန်ရဲ့ ဗိုက်ဟာ အနည်းငယ် လုံးဝန်းနေသယောင်ထင်ရပါတယ်။

ဒါပေမဲ့လည်း အသက် ၃၀ နှစ်အရွယ် မင်းသမီးဟာ သူငယ်ချင်းတစ်ဦးနဲ့အတူ ကြည်လင်လှတဲ့ အီတာလျံပင်လယ်ပြင်ထဲမှာ ငါးမျှားထွက်ရင်း ဘီယာနဲ့ ဆေးလိပ်တွေ သောက်နေခဲ့ပါတယ်။

play

 

ကိုယ်ဝန်ဆောင်သည်တစ်ယောက်အတွက် ဘီယာနဲ့ ဆေးလိပ်က မသင့်လျော်တဲ့အတွက် သူမကိုယ်ဝန်ရှိတာ တကယ်ရော ဟုတ်ရဲ့လား၊ ဒါမှမဟုတ် လင်ဆေးလိုဟန်က ကိုယ်ဝန်ကို အလေးမထားတာများလားလို့ တွေးစရာတွေ ဖြစ်ကုန်ပါတယ်။

Source & Photos : Daily Mai

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ