International Celebrity: လူငယ်တွေ မဲပေးကြဖို့ ဒီမိုကရက်တစ်ညီလာခံမှာ ကလိုဝီဂရေ့စ်မိုရက်စ် တိုက်တွန်း

သူမရဲ့ချစ်သူ ဘရွတ်ကလင်းဘက်ခမ်းလည်း လာအားပေးခဲ့ပါတယ်။

play

 

အသက် ၁၉ နှစ်အရွယ် မင်းသမီး ကလိုဝီဂရေ့စ်မိုရက်စ်ဟာ ဇူလိုင်လ ၂၈ ရက်က ဖီလာဒဲဖီးယားမှာ ပြုလုပ်တဲ့ ဒီမိုကရက်တစ်အမျိုးသားညီလာခံစင်မြင့်ပေါ် တက်ရောက် စကားပြောခဲ့တာ ဖြစ်ပါတယ်။

play

 

ဒီမိုကရက်တစ် သမ္မတလောင်းအဖြစ် ရွေးချယ်ခံရတဲ့ ဟီလာရီကလင်တန် မိန့်ခွန်းမပြောမီ ကလိုဝီမိုရက်စ်က စကားပြာခွင့်ရခဲ့တာဖြစ်ပြီး သူမနဲ့ရွယ်တူ လူငယ်များကို ဟီလာရီအတွက် မဲပေးကြဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

"အားလုံးအတူတကွ မဲပေးကြရင် ဟီလာရီကလင်တန်က အမေရိကန်ပြည်ထောင်စုရဲ့ နောင်လာမယ့်သမ္မတဖြစ်ဖို့ သေချာမှာပါ" လို့ သူမက ညာလက်ကို မြှောက်လို့ အားရပါးရ တိုက်တွန်း ပြောကြားခဲ့ပါတယ်။

play

 

"အမေရိကန်တိုင်းကို ကောလိပ်ကျောင်းတက်ရလို့ အကြွေးမတင်ဘဲ ဘွဲ့ရမယ့်အခွင့်အရေးပေးဖို့ ကြိုးစားမယ့် သမ္မတစ်ယောက်ကို ရွေးချယ်နိုင်ရမယ်။ တူညီတဲ့အလုပ်အတွက် တူညီတဲ့ လုပ်ခလစာပေးဖို့ ကြိုးစားပေးမယ့် သမ္မတတစ်ယောက်ကို ရွေးချယ်နိုင်ရမယ်" လို့ ကလိုဝီဂရေ့စ်မိုရက်စ်က ဆိုပါတယ်။

play

 

"နားထောင်ကြပါ..မဲပေးဖို့ စာရင်းမပေးရသေးဘူးဆိုရင် အခုပေးလိုက်ပါ။ www.iwillvote.com မှာ နောက်ဆုံး စာရင်းပေးနိုင်မယ့်ရက်ကို ကြည့်ပြီး မှတ်ပုံတင်ပါ။ ရှင်တို့ရဲ့အသံကို ထုတ်ဖော်ခွင့်ရမယ့် အခွင့်အရေးကို မလွဲချော်ပါစေနဲ့" လို့ ဟောလိဝုဒ် မင်းသမီးလေးက ပြောခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ