International Celebrity: အသက် ၆၃ နှစ်ရောက်မှ ဆံပင်ပန်းရောင်ဆိုးလိုက်တဲ့ အဆိုတော် စင်ဒီလူပါ

သူမဟာ ၁၉၈၀ ပြည့်နှစ်တွေမှာ နာမည်ကြီးခဲ့သူပါ။

play

 

အဆိုတော် စင်ဒီလူပါဟာ ၁၉၈၀ ပြည့်နှစ်တွေတုန်းက Girls Just Wanna Have Fun ဆိုတဲ့ သီချင်းနဲ့ ကမ္ဘာကို ကိုင်လှုပ်ခဲ့သူပါ။

ဒါပေမဲ့ စင်ဒီဟာ သူမရဲ့နာမည်ကျဆင်းမှာကို စိုးရိမ်နေတာမျိုး မရှိဘူးလို့ ဆိုပါတယ်။

play

 

"အမြဲတမ်း နာမည်ကြီးပါ့မလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ တစ်ဘဝလုံး ရှင်သန်လို့မရဘူး" လို့ ဂရမ်မီဆုရှင် စင်ဒီလူပါက ပြောခဲ့ပါတယ်။

play

 

လက်တွေ့ကျကျသာ လုပ်ကိုင်တတ်တဲ့  စင်ဒီဟာ သူမလုပ်စရာရှိတာတွေကို ဆက်လက် လုပ်ဆောင်နေသူဖြစ်ပြီး မေလတုန်းကလည်း  Detour ဆိုတဲ့ နာမည်နဲ့ ကန်းထရီးအယ်လ်ဘမ်တစ်ခုကိုတောင် ထုတ်ထားပါသေးတယ်။

play

 

၂၀၁၂ မှာ Tony Award ဆုရရှိခဲ့တဲ့ Kinky Boots သီချင်းကို စပ်ခဲ့တဲ့ သူမဟာ အသက် ၆၃ နှစ်အရွယ်မှာတောင် ဘာမှ သိပ်ပြောင်းလဲခြင်းမရှိဘဲ ဆံပင်ရောင်စုံဆိုးလို့ မိုက်နေတုန်းပါပဲ။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ