International Celebrity: နှင်းဆီပန်းတွေ ဝေနေအောင် ပန်ထားတဲ့ ရီတာအိုရာ

အခုလိုဆိုတော့လည်း ရိုးရိုးယဉ်ယဉ်လေးနဲ့ ချစ်စရာကောင်းနေပါတယ်။

play

 

ရီတာအိုရာဟာ အမေရိကန်ရဲ့ Next Top Model အစီအစ်မှာ အစီအစဉ်မှူးအဖြစ် ပါဝင်ရင်း အလုပ်တွေ ရှုပ်နေပါတယ်။

အဲဒီအစဉ်မှာ မော်ဒယ်တွေကို သင်ကြားပြသရသူအဖြစ် ပါဝင်ရတဲ့ ရီတာအိုရာဟာ အဲဒီအစီအစဉ် စတင်ကတည်းက ကျက်သရေရှိရှိ ဖက်ရှင်ကျကျ ဝတ်ဆင်လာပြီး ဇူလိုင်လ ၂၈ ရက်မှာ နယူးယော့ခ်က သူမရဲ့တိုက်ခန်းကနေ ထွက်လာတာကို မြင်တွေ့ရပါတယ်။

play

 

အသက် ၂၅ နှစ်အရွယ် အဆိုတော်ဟာ မိတ်ကပ်လိမ်းခြယ်ထားတဲ့မျက်နှာနဲ့ ပန်းပွင့်တွေကျဲဖြန့်ထားတဲ့ ဝတ်စုံလေးနဲ့အလိုက် ခေါင်းမှာ နှင်းဆီပန်းနီနီရဲရဲတွေ ဝေနေအောင် ပန်ထားရင်း မက်ဟက်တန်ရဲ့ နေရောင်အောက်ကို ထွက်လာခဲ့ပါတယ်။

play

 

အမြဲတမ်း ဆက်စီကျတဲ့ ဝတ်စုံတွေကိုသာ ဝတ်ဆင်တတ်တဲ့ သူမဟာ အခုတော့ အင်္ကျီလက်ရှည် ဂါဝန်ရှည်ကြီးနဲ့ လုံလုံခြုံခြုံဖြစ်နေပေမဲ့ ခပ်တုံးတုံး ပုံစံ ဖြစ်မသွားဘဲ ရိုးရိုးယဉ်ယဉ်လေးနဲ့ ပိုလို့တောင် လှပနေပါသေးတယ်။

play

 

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ