International Celebrity: လက်ထပ်လက်စွပ်ကို ဒေါ်လာ ၉၀ တန်ပဲ ဝယ်ခဲ့တယ်ဆိုတဲ့ မီလာကူးနစ်

"ပါးပါးသေးသေးလေးပဲ လိုချင်တာ"

play

 

အက်ရှန်ကတ်ချာနဲ့ လက်ထပ်စဉ်က လက်ထပ်လက်စွပ်ကို အွန်လိုင်းမှာရောင်းချတဲ့ ဒေါ်လာ ၉၀ တန်ပဲ မှာယူခဲ့တယ်လို့ မီလာကူးနစ်က ပြောပါတယ်။

play

 

Conan သတင်းဌာနနဲ့ အင်တာဗျူးပြုလုပ်စဉ်မှာ အသက် ၃၂ နှစ်အရွယ် မင်းသမီးက သူမတို့ရဲ့ လက်ထပ်လက်စွပ်တွေအကြောင်း ထုတ်ပြောခဲ့တာပါ။ " ကျွန်မတို့စေ့စပ်တုန်းက သူကကျွန်မကို အရမ်းအရမ်းကို လှပလွန်းတဲ့ လက်စွပ်ကိုပေးခဲ့တယ်။ ဒါပေမဲ့ ကျွန်မတို့လက်ထပ်ဖို့အတွက်ကျတော့ Etsy (အွန်လိုင်းအရောင်းဆိုင်)ကနေပဲ ဝယ်ဖို့ ဆုံးဖြတ်လိုက်တယ်" လို့ သူမက ပြောပါတယ်။

play
စေ့စပ်လက်စွပ်အဖြစ် အက်ရှတန်ကတ်ချာပေးခဲ့သော စိန်လက်စွပ်

 

ပါးပါးသေးသေးနဲ့ ရိုးရှင်းတဲ့ လက်စွပ်လေးပဲ လိုချင်တာလို့ ရှာဖွေခဲ့ပေမယ့် ပလက်တီနမ်လက်စွပ်တွေက အရမ်းဈေးကြီးတာကြောင့် ဒေါ်လာ ၉၀ တန် လက်စွပ်ကို မှာယူခဲ့တယ်လို့ မီလာကူးနစ်က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ မီလာကူးနစ်နဲ့ အက်ရှတန်ကတ်ချာတို့ဟာ ၂၀၁၅ ခုနှစ် ဇူလိုင် ၄ ရက်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ ခုတော့ ဒုတိယကိုယ်ဝန်တောင် လွယ်ထားနေရပါပြီ။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ