International Celebrity: ရီပတ်ဘလစ်ကန်ပါတီအတွက် ဖျော်ဖြေပေးဖို့ ဒေါ်လာ ၅ သန်း ပေးပေမယ့် ဂျက်စတင်ဘီဘာငြင်းပယ်

မန်နေဂျာရဲ့စနက်တွေကြောင့် ခုလိုငွေကြေးအမြောက်များပေးတာကိုတောင် ငြင်းပယ်လိုက်ပုံရပါတယ်။

play

 

အမေရိကန်နိုင်ငံရဲ့ ရွေးကောက်ပွဲဝင် ရီပတ်ဘလစ်ကန်ပါတီက အမျိုးသားညီလာခံမှာ ဖျော်ဖြေပေးဖို့ ဂျက်စတင်ဘီဘာကို ဒေါ်လ ၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ဂျေဘီက ငြင်းပယ်ခဲ့တယ်လို့ TMZ သတင်းက ဖော်ပြလာပါတယ်။ ဂျေဘီရဲ့အေဂျင်စီနဲ့ ဆက်နွှယ်နေတဲ့ သတင်းရင်းမြစ်တွေကတစ်ဆင့် သိရတာပါ။

play

 

ကနေဒါနိုင်ငံသား အဆိုတော်က ဒေါ်လာ ၅သန်းတန် ကမ်းလှမ်းမှုကို ငြင်းဆိုပြီးနောက် နယူးယော့ခ်နဲ့ လော့စ်အန်ဂျလိစ်တို့မှာပဲ အချိန်ကုန်ခဲ့ပါတယ်။ သတင်းရင်းမြစ်ရဲ့အဆိုအရတော့ ဂျေဘီရဲ့မန်နေဂျာ စကူတာက ဒီကမ်းလှမ်းမှုကိုလက်မခံဖို့ ပြောခဲ့တယ်လို့ သိရပါတယ်။ ကမ်းလှမ်းလာတဲ့ငွေကြေးပမာဏက များပြားလို့ ဂျေဘီက စဉ်းစားခဲ့သေးတယ်လို့လည်း သူကပြောပါတယ်။

play

 

စကူတာကတော့ ရီပတ်ဘလစ်ကန်ပါတီရဲ့ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ဟီလာရီကလင်တန်ကို ထောက်ခံအားပေးသူတစ်ဦးဖြစ်တယ်လို့လည်း TMZ က ဖော်ပြထားပါတယ်။

Source : TMZ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ