International Celebrity: အသားကပ်ကိုယ်ကျပ်ဝတ်စုံနဲ့ ယုံကြည်မှုရှိရှိလျှောက်လှမ်းနေတဲ့ ဘယ်လာ

တော်ရုံလူကတော့ ဒီလိုဝတ်ရဲမှာမဟုတ်သလို ဝတ်ရင်လည်း ဘယ်လာလိုမျိုးလှမှာတော့ မဟုတ်ပါဘူး။

play

 

ခန္ဓာကိုယ်နဲ့ တစ်သားတည်းကွက်တိကျနေတဲ့ ဝတ်စုံနဲ့ လူမြင်ကွင်းကိုထွက်ဖို့ဆိုတာ တော်ရုံအနုပညာရှင်တွေ စိတ်ကူးယဉ်ဖူးကြမယ်တောင်မထင်ပါဘူး။ ဒါပေမဲ့ ဘယ်လာဟက်ဒီးကတော့ အသားရောင် အသားကပ်ကိုယ်ကျပ်ဝတ်စုံလေးနဲ့ လူတွေရဲ့အကြည့်တွေကို သိမ်းပိုက်လိုက်ပါတယ်။

play

 

သူမရဲ့ဖခင်နဲ့အတူ Beverly Hills မှာ သောကြာနေ့က နေ့လည်စာအတူစားဖို့ ဒီဝတ်စုံကို ဝတ်လာခဲ့ပါတယ်။ ဗိုက်ခေါက်လည်းမထွက် ခြေသလုံးလည်းမတုတ်တဲ့ ဘယ်လာဟက်ဒီးက ဒီဝတ်စုံကိုဝတ်ထားပြီး လမ်းလျှောက်နေပုံက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ပါပဲ။

play

 

အပေါ်ပိုင်းမှာ ကြိုးတစ်လုံး crop top ကို ဝတ်ထားပြီး အောက်မှာတော့ အသားကပ်ဘောင်းဘီရှည်ကို ဝတ်ထားကာ ဘယ်လာရဲ့ကိုယ်လုံးအလှကို အတိုင်းသားမြင်ခဲ့ရပါတယ်။

play

 

နေ့လယ်စာစားပြီး အပြန်မှာတော့ ဘယ်လာက စူပါမားကတ်တစ်ခုကိုဝင်ကာ ဈေးဝယ်ခဲ့ပါသေးတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ