AD
AD
AD
play

 

ဒီမိုကရက်တစ်အမျိုးသားညီလာခံမှာ ကေတီပယ်ရီက သူမရဲ့နာမည်ကြီးနေတဲ့သီချင်းဖြစ်တဲ့ Roar and Rise နဲ့  သီဆိုဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။

ဒီမိုကရက်တစ်ပါတီမှ အမေရိကန်သမ္မမတလောင်းအဖြစ် ရွေးကောက်ခံဖို့ ဟီလာရီကလင်တန် စတိတ်စင်ပေါ်မတက်မီ ကေတီပယ်ရီနဲ့ ကာလိုကင်းတို့က သီချင်းတွေနဲ့ ဂုဏ်ပြုခဲ့ပြီး တက်ဒ်ဒန်ဆန်နဲ့ ကလိုဝီဂရေ့စ်မိုရက်စ်က မဲဆွယ်စကား တက်ရောက်ပြောကြားခဲ့ပါတယ်။

play

 

အသက် ၃၁ နှစ်အရွယ် အဆိုတော်က အမေရိကန်တွေ မဲပေးဖို့ အားတက်သရော တိုက်တွန်းပြောကြားခဲ့ပြီး "ကျွန်မက အထက်တန်းကျောင်းလည်း မပြီးခဲ့ပါဘူး။ အဆင့်မြင့်ကျောင်းလည်း မတက်ခဲ့ရပါဘူး။ ဒါပေမေဲ့ ကျွန်မမှာ ပွင့်လင်းတဲ့ စိတ်ကူးအမြင်ရှိသလို အသံလည်းရှိတယ်။ ကျွန်မရဲ့အသံကို အခုလို အသုံးချမှာပါ။ ကျွန်မ ဟီလာရီကလင်တန်ကို မဲပေးမယ်" လို့  ဆိုခဲ့ပါတယ်။

play

 

ကေတီပယ်ရီရဲ့ချစ်သူ အော်လန်ဒိုဘလွမ်းလည်း ယင်းညီလာခံကို တက်ရောက်ခဲ့ပြီး တေီပယ်ရီရဲ့ဖျော်ဖြေမှုကို သူ့ရဲ့မိုဘိုင်းဖုန်းနဲ့ မှတ်တမ်းတင်ခဲ့ပါသေးတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD