International Celebrity: စူပါဂဲလ်နဲ့အတူပွဲထွက်မယ့် စူပါမန်းအသစ် ရိုက်ကူးရေးစတင်

ဟင်နရီကဗီးလ်မဟုတ်တဲ့ နောက်ထပ်စူပါမန်းအသစ်ပါ။

play

 

အမေရိကမှာ ထုတ်လွှင့်ပြသခဲ့တဲ့ CW ရုပ်သံရဲ့ Supergirl ရုပ်သံဇာတ်လမ်းတွဲရဲ့ ဒုတိယတွဲမှာ ပါဝင်လာမယ့် Superman သရုပ်ဆောင်သစ်ဟာ ရိုက်ကူးရေးတွေ စတင်နေပါပြီ။

play

 

သောကြာနေ့က စူပါမန်းဝတ်စုံပြည့် ဝတ်ဆင်ကာ လူတွေကိုကယ်တင်နေတဲ့ တိုင်လာ ဟိုးခလင်း ကိုတွေ့ခဲ့ရတာပါ။ စူပါဂဲလ်ကိုတော့ မတွေ့ခဲ့ရပါဘူး။

play

 

အနီရောင်ဝတ်ရုံရှည် အပြာရောင်ဝတ်စုံနဲ့တိုင်လာရဲ့ စူပါမန်းဝတ်စုံဟာ Marvel ရဲ့ အဓိကစူပါမန်း ဟင်နရီကဗီးလ်ရဲ့ ဝတ်စုံနဲ့ယှဉ်ရင်တော့ ခြားနားနေပါတယ်။ တိုင်လာက စူပါဂဲလ်နဲ့အတူ အပိုင်း ၂ ပိုင်း ပါဝင်သရုပ်ဆောင်မယ်လို့ သိရပါတယ်။

play

 

အရပ် ၆ ပေ ရှိတဲ့ အသက် ၂၈ နှစ်အရွယ် တိုင်လာက အသက် ၉ နှစ်အရွယ်ကတည်းက ရိုက်ကူးရေးမှာပါဝင်ခဲ့ဖူးသူဖြစ်ပြီး ရှေ့နှစ်မှာ ထွက်ရှိမယ့် Fifty Shades Darker မှာလည်း ပါဝင်ထားပါသေးတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ