International Celebrity: ဂျက်ကီချန်းရဲ့ဘေးမှာ ငယ်ငယ်လန်းလန်းကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေ

ဒီဇာတ်ကားကို ငွေကြေးအမြောက်အများ သုံးစွဲကာ ရိုက်ကူးနေတယ်လို့လည်း ထုတ်လုပ်ရေးဘက်က ဆိုထားပါတယ်။

play

 

သြစတြေးလျမြို့တော် ဆစ်ဒနေရဲ့ ဆိပ်ကမ်းမှာရပ်ထားတဲ့ အဖြူရောင်မော်တော်တစ်စီးပေါ်မှာ လူငယ်အများအပြား ပျော်ပွဲရွှင်ပွဲ ပြုလုပ်နေတာကို သောကြာညက တွေ့ခဲ့ရပါတယ်။ မင်းသားကြီး ဂျက်ကီချန်းပါဝင်တဲ့ Bleeding Steel ဇာတ်ကားရဲ့ ရိုက်ကူးရေးမြင်ကွင်းပါ။

play

 

ဂျက်ကီချန်းကတော့ သူအမြဲဝတ်နေကျပုံစံအတိုင်း သားရေဂျာကင်တစ်ထည်ကို ဘောင်းဘီရှည်နဲ့ တွဲဝတ်ထားပြီး ဂျက်ကီချန်းရဲ့ဘေးမှာတော့ ကောင်မလေးနှစ်ဦးကိုတွေ့ရပါတယ်။ တရုတ်မင်းသမီး နာနာအိုးရန်နဲ့ အဲရစ်ကာရှားဟူတို့က အရုပ်မြင်းစီးနေတုန်း ဂျက်ကီချန်းက ဓာတ်ပုံရိုက်ပေးနေတာကိုလည်း တွေ့ရပါတယ်။

play

 

အဲ့ဒီနောက်မှာတော့ နာနာနဲ့အတူ တဘက်တစ်ထည်ကိုအတူခြုံရင်း စကားစမြည်ပြောနေတာကိုလည်း တွေ့ရပါသေးတယ်။

play

မော်တော်ပေါ်မှာတော့ အပျော်လွန်နေကြတဲ့ လူငယ်တစ်သိုက်က ထင်တိုင်းကြဲနေတာပါပဲ။ ကောင်မလေးတွေကလည်း ဘီကီနီတွေဝတ်ထားပြီး ခပ်ရမ်းရမ်းလူငယ်တစ်ဦးကဆိုရင် ဘောင်းဘီချွတ်ကာ နောက်ပြောင်နေတာကိုလည်း တွေ့ရပါတယ်။

ချန်းဟာ ဒီဇာတ်ကားထဲမှာ အမျိုးသမီးငယ်တစ်ဦးကို စောင့်ရှောက်နေရတဲ့ အထူးအေးဂျင့်တစ်ဦးအဖြစ် ပါဝင်ထားပြီး ဒီဇာတ်ကားကို ငွေကြေးအမြောက်အများ သုံးစွဲကာ ရိုက်ကူးနေတယ်လို့လည်း ထုတ်လုပ်ရေးဘက်က ဆိုထားပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ