International Celebrity: စေ့စပ်လက်စွပ်ချွတ်လိုက်တဲ့ လင်ဆေးလိုဟန်

တခြားလက်စွပ်တစ်ကွင်းနဲ့ ပြောင်းလဲဝတ်ဆင်လိုက်ပါတယ်။

play

 

လင်ဆေးလိုဟန်နဲ့ သူမရဲ့ခင်ပွန်းလောင်း အက်ဂါတာရာဘက်ဆော့ဗ်တို့ဟာ ခဏတဖြုတ် စိတ်ဆိုးတာလို့ သူမရဲ့သူငယ်ချင်းတွေက ပြောနေပေမဲ့လို့ လင်ဆေးလိုဟန်က စေ့စပ်လက်စွပ်ကိုတောင် ချွတ်ပစ်လိုက်ပါပြီ။

play

 

ဟောလိဝုဒ်မင်းသမီး လင်ဆေးလိုဟန်ဟာ သူမရဲ့အချစ်ဆုံးသူငယ်ချင်း ဟိုဖစိုလန်ရဲ့ရှေ့မှာတင် ၅ ကာရက်ရှိတဲ့ မြလက်စွပ်ကို ချွတ်နေတာကို မြင်တွေ့ရပါတယ်။

play

 

အဲဒီလက်စွပ်ဟာ သူမနဲ့ သူမရဲ့ချစ်သူတို့ ၇ လကြာ တွဲပြီးတဲ့နောက် သူမချစ်သူက လက်ထပ်ခွင့်ပန်စဉ် ဧပြီလက လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

play

 

သူမရဲ့ ဈေးကြီးလှတဲ့ စေ့စပ်လက်စွပ်ကို ညာဘက်လက်ကို ပြောင်းလဲဝတ်ဆင်လိုက်သော်လည်း စေ့စပ်လက်စွပ်ဝတ်ရတဲ့ လက်ချောင်းမှာတော့ အသစ်ဝယ်လိုက်တဲ့ ငွေလက်စွပ်လေးကို ဝတ်ဆင်လိုက်ပါတယ်။

play

 

လင်ဆေးလိုဟန်နဲ့ အက်ဂါတို့ဟာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း အကြိမ်ကြိမ် ရန်အကြီးအကျယ်ဖြစ်ခဲ့ကြပေမဲ့ သူတို့တွေ ကွဲကွာတဲ့အထိ ဖြစ်မယ်လို့ ဘယ်သူမှ မမျှော်လင့်ထားခဲ့ကြပါဘူး။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ