International Celebrity: ရီပါဘလစ်ကန်ညီလာခံမှာ ဖျော်ဖြေဖို့ ဒေါ်လာ ၂ သန်း ကမ်းလှမ်းချက်ကို နစ်ခ်ဂျိုနက်စ်ငြင်းပယ်ခဲ့

ဂျက်စတင်ဘီဘာကလည်း ဒေါ်လာ ၅ သန်းနဲ့ ကမ်းလှမ်းတာကို ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။

play

 

အိုဟိုင်းအိုးပြည်နယ်၊ ကလီဗယ်လန်းမြို့မှာ ကျင်းပမယ့် ရီပါဘလစ်ကန်အမျိုးသားညီလာခံမှာ ဖျော်ဖြေဖို့ ရီပါဘလစ်ကန်ပါတီ (GOP) အလှူရှင်တွက  ဒေါ်လာ ၅ သန်းနဲ့ ကမ်းလှမ်းတာကို ဂျက်စတင်ဘီဘာက ငြင်းပယ်ခဲ့တယ်လို့ သိရှိရပြီးတဲ့နောက် အခုလည်း နစ်ခ်ဂျိုနက်စ်ကို ကမ်းလှမ်းခဲ့ကြောင်း သတင်းထွက်ပေါ်လာပါတယ်။

play

 

ယင်းပွဲမှာ သီဆိုဖျော်ဖြေဖို့ နစ်ခ်ကိုလည်း ဒေါ်လာ ၂ သန်းနဲ့ ကမ်းလှမ်းခဲ့ဖူးကြောင်း TMZ သတင်းမှာ ဖော်ပြထားပါတယ်။

play

 

ပုဂ္ဂလိက အလှူရှင်တွေက အသက် ၂၃ နှစ်အရွယ် အဆိုတော် နစ်ခ်ဂျိုနက်စ်ကို ဇူလိုင်လ ၂၄ ရက်မှာ ပြုလုပ်ခဲ့တဲ့ ရီပါဘလစ်ကန် ညီလာခံမှာ သီဆိုဖျော်ဖြေစေချင်ခဲ့တယ်လို့ သိရပါတယ်။

Source & Photos : TMZ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ