International Celebrity: ပရိသတ်တစ်ဦး ရိုက်တာ ခံရပြီးတဲ့နောက် ဘော်ဒီဂတ်အနားမှာ အမြဲထားတဲ့ ဂျက်စတင်တင်းဘားလိတ်ခ်

ဂေါက်သီးပြိုင်ပွဲတစ်ခုမှာ အရိုက်ခံလိုက်ရတာပါ။

play

 

ဂျက်စတင်တင်းဘားလိတ်ခ်ကို ပြီးခဲ့တဲ့အပတ်က ဂေါက်သီးပြိုင်ပွဲတစ်ခုမှာ ပရိသတ်တစ်ဦးက မျက်နှာကို ဖြတ်ရိုက်သွားတာ ဖြစ်ပါတယ်။

play

 

အခုတော့ လော့ဆန်းဂျလိစ်နဲ့ မိုင်အနည်းငယ်သာဝေးတဲ့ ဘားဘန့်ခ်မြို့ကို သူငယ်ချင်းနဲ့ နေ့လယ်စာ စားဖို့ ထွက်ချိန်မှာတောင် ဂျက်စတင်တင်းဘားလိတ်ခ်တစ်ယောက် ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ထားပါတယ်။

play

 

လမ်းကို ဖြတ်ကူးစဉ်မှာ သူနဲ့အတူ ထွားကြိုင်းသန်မာလှတဲ့ ဘော်ဒီဂတ်က အတူလျှောက်လှမ်းလာတာကို မြင်တွေ့ရပါတယ်။

ဂျက်စတင်ဟာ နေ့လယ်စာကို စိတ်အေးလက်အေး စားသောက်နိုင်ခဲ့ပြီး အချိန်ပြည့် သူ့ရဲ့ဘော်ဒီဂတ်နဲ့ စကားတွေ ပြောနေတာကိုလည်း မြင်တွေ့ရပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ