International Celebrity: ယမကာသောက်ဖို့ ဝီလ်စမစ်ကို ယူကေထိ လိမ်ခေါ်လာတဲ့ ဂျေဒန်စမစ်

သူ့ရဲ့ဖခင် ဝီလ်စမစ်က ပြောပြခဲ့တာပါ။

play

 

ဂျေဒန်စမစ်ဟာ သူ့ရဲ့ အသက် ၁၈ နှစ်မွေးနေ့ ရောက်တဲ့အချိန်မှာ သူ့ကို လှည့်စားခဲ့တယ်လို့ ဝီလ်စမစ်က ရုပ်သံအစီအစဉ်တစ်ခုမှာ ပြောပြခဲ့တာ ဖြစ်ပါတယ်။

play

 

တကယ်တော့ ဂျေဒန်စမစ် သူ့ရဲ့ရှိုးအသစ် The Get Down in London ကို မွေးနေ့မတိုင်မီ ပြုလုပ်ခဲ့တာ ဖြစ်တဲ့အတွက် မိသားစုတစ်စုလုံး လန်ဒန်ကို လိုက်ဖို့ အကြောင်းဖန်လာတာလည်း ဖြစ်ပါတယ်။

play

 

ဂျေဒန်စမစ်က သူ့မွေးနေ့ကို ယူကေမျာ ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်အစစ်အမှန်ကို ဝီလ်စမစ်က ပြောပြခဲ့ပါတယ်

မွေးနေ့ညစာစားဖို့ စားသောက်ဆိုင်သို့ အရောက်မှာ ဂျေဒန်က အရမ်းကို စိတ်လှုပ်ရှားနေတယ်လို့ ဝီလ်စမစ်က ဆိုပါတယ်။

play

 

"ကျွန်တော် တက်ကီလာသောက်မယ်" လို့ ဂျေဒန်စမစ်က အပြောမှာ ဝီလ်စမစ် တစ်ယောက် အံ့သြသွားခဲ့ပါတယ်။အမေရိကန်မှာ  အသက် ၂၁ နှစ်ပြည့်မှသာ ယမကာ သောက်ခွင့်ရှိပါတယ်။

"အင်္ဂလန်မှာ အသက် ၁၈ နှစ်ဆိုရင် သောက်လို့ရပြီ အဖေ" လို့ ဂျေဒန်စမစ်က ပြုံးပြီးပြောခဲ့တယ်လို့ ဝီလ်စမစ်က သူ့သား လည်ပုံကို ရယ်ရယ်မောမော ပြောခဲ့တာပါ။

play

 

ဒါပေမဲ့လည်း သားထက်ပိုလည်တဲ့အဖေက သူ့ရဲ့မွေးချိန်ဟာ အနောက်တိုင်းအချိန်နဲ့ဆိုရင် အသက်ပြည့်ဖို့ နာရီအနည်းငယ်လိုသေးတာကို ထောက်ပြပြီး သားကို တက်ကီလာမသောက်ဖို့ တားဆီးနိုင်ခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ