International Celebrity: ကမ္ဘာလှည့်ဖျော်ဖြေရေးအစီအစဉ်နဲ့ ဖိလစ်ပိုင်ရောက်နေတဲ့ ဆယ်လီနာဂိုးမက်စ်

လေယာဉ်ပေါ်က ဆင်းချိန်မှာ ပရိသတ်တွေ ဝိုင်းအုံနေပါတယ်။

play

 

ဆယ်လီနာဂိုးမက်စ်ဟာ ပြီးခဲ့တဲ့အပတ်က အင်ဒိုနီးရှားမှာ ဖျော်ဖြေခဲ့ပြီးနောက် သီချင်းဆိုရတာ စိတ်မပါဘူးဖြစ်နေတယ်လို့ အင်စတာဂရမ်ကနေ ပြောခဲ့တဲ့အတွက် သူမရဲ့ ပရိသတ်က စိတ်မကောင်း ဖြစ်ခဲ့ရပါသေးတယ်။

play

စိတ်ဓာတ်ကျနေပုံရပေမဲ့ ဇူလိုင်လ ၃၀ ရက်မှာ ဖိလစ်ပိုင်ကို ရောက်လာတဲ့အတွက် သူမရဲ့ ဖျော်ဖြေရေးအစီအစဉ်ကို ဖျက်တဲ့အထိတော့ မဆိုးရွားသေးဘူးလို့ ဆိုရပါမယ်။

play

အသက် ၂၄ နှစ်အရွယ် အဆိုတော်မလေးဟာ သူမပတ်ပတ်လည်မှာ လူအုပ်ကြီး ဝိုင်းနေပေမဲ့ လေဆိပ်ကနေ ထွက်ဖို့ သူမရဲ့လမ်းကိုသာ အာရုံစိုက်နေပုံကို မြင်တွေ့ရပါတယ်။

play

 

မနီလာမြို့က လေဆိပ်ကို ရောက်လာတဲ့ ကမ္ဘာကျော်အဆိုတော်မလေး လူအုပ်ကြားထဲကနေ ချောချောမွေ့မွေ့ထွက်နိုင်ဖို့ လုံခြုံရေးဝန်ထမ်းတွေ၊ လေဆိပ်ဝန်ထမ်းတွေနဲ့ သူမရဲ့ဘော်ဒီဂတ်တွေ အားလုံး ဝိုင်းဝန်းပြီး လမ်းရှင်းပေးနေကြရပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ