International Celebrity: ခမ်းနားကြီးကျယ်လှတဲ့ အိမ်ကြီးမှာ အတူပြောင်းနေတော့မယ့် ဂျီဂျီဟက်ဒီးတို့စုံတွဲ

ဇေးမောလစ်ခ်ပိုင်တဲ့ တိုက်အိမ်ကြီး ဖြစ်ပါတယ်။

play

 

စူပါမော်ဒယ် ဂျီဂျီဟက်ဒီးနဲ့ One Direction အဆိုတော်ဟောင်း ဇေးမောလစ်ခ်တို့ဟာ သူတို့ရဲ့ ဆက်ဆံရေးကို နောက်တစ်ဆင့် ထပ်တက်လိုက်ကြပါပြီ။

play

 

ကိုးလကြာ တွဲခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ လက ခဏတာ ကွဲကွာခဲ့ပေမဲ့ သူတို့ရဲ့ အချစ်ရေးဟာ ပိုလို့တောင် အဆင်ပြေလာတာကို မြင်တွေ့ရပါတယ်။

play

 

အခုဆိုရင် သူတို့စုံတွဲလေးဟာ လော့ဆန်းဂျလိစ်မှာရှိတဲ့ ဇေးမောလစ်ခ်ရဲ့ ခမ်းနားကြီးကျယ်လှတဲ့ တိုက်အိမ်ကြီးကို အတူပြောင်းနေကြပြီလို့ သိရပါတယ်။

play

 

ဇေးမောလစ်ခ်ဟာ ချစ်သူနဲ့ နေထိုင်ရတာ အဆင်ပြေစေဖို့ လိုအပ်တဲ့ အိမ်အသုံးအဆောင်နဲ့ ပရိဘောဂပစ္စည်းတွေကိုလည်း လိုက်ဝယ်နေတယ်လို့ သူနဲ့ ရင်းနှီးသူတစ်ဦးက ပြောပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ