International Celebrity: ရွှေရောင်ဆံနွယ်တွေနဲ့ နာမည်ကြီးအဆိုတော်မလေး

ငယ်စဉ်ကတည်းက အသံကောင်းလွန်းတာကြောင့် လူတိုင်းချီးကျူးခဲ့ရသူလေးပါ။

play


အမေရိကန် တေးရေးအဆိုတော် ဖက်ရှင်ဒီဇိုင်နာ မင်းသမီးချော ဂျက်စီကာ ဆင်မ်ဆန်ဟာ တက္ကဆက်မှာ မွေးဖွာကြီးပြင်းခဲ့သူ ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ဘုရားကျောင်းတွေမှာ သီချင်းဆိုရာကနေပြီး အသံကောင်းလွန်းတာကြောင့် လူတိုင်းချီးကျူးခဲ့ရသူလေးပါ။

play


၁၉၉၉ ခုနှစ်မှာစတင်ကာ သူမရဲ့ ပထမဆုံး တေးအယ်လ်ဘမ် Sweet Kisses ထုတ်ဝေဖြန့်ချိခဲ့ပြီး အဆိုကောင်းလှသူမို့ ပထမဆုံးတေးစီးရီးနဲ့တင် ပရိသတ်တွေစတင်အားပေးမှုကို ရရှိခဲ့သူလည်းဖြစ်ပါတယ်။

play


အဲ့ဒီ့နောက်ပိုင်းမှာတော့ ၂၀၀၁၊ ၂၀၀၃၊ ၂၀၀၄၊ ၂၀၀၆၊ ၂၀၀၈ နဲ့ ၂၀၁၀ ခုနှစ်တွေမှာ တေးအယ်လ်ဘမ် တစ်ခွေစီထုတ်လွှင့်ဖြန့်ချိခဲ့တဲ့ ဂျက်စီကာဟာ ရုပ်ရှင်ဇာတ်ကားအချို့မှာလည်း ပါဝင်ခဲ့ပါသေးတယ်။

play


Employee of the Month နဲ့ Blonde Ambition ဇာတ်ကားတွေကတော့ သူမ သရုပ်ဆောင်ခဲ့တဲ့ နာမည်ကြီး ရုပ်ရှင်ဇာတ်ကားတွေ ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်လမ်းတွဲတစ်ချို့နဲ့ ရုပ်သံအစီအစဉ်အချို့မှာလည်း သူမကို မကြာခဏ တွေ့မြင်ရပါတယ်။

play


၂၀၀၂ ခုနှစ်မှာ သူမလက်တွဲခေါ်ခဲ့တဲ့ အဆိုတော် နစ်ခ် လာချေနဲ့ လက်ထပ်ခဲ့တဲ့ ဂျက်စီကာဟာ ၂၀၀၅ ခုနှစ်မှာတော့ နစ်ခ်နဲ့ ကွာရှင်းတော့မှာဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။

play


၂၀၁၄ မှာတော့ ဘောလုံးလောကက အဲရစ်ဂျွန်ဆန်နဲ့ လက်ထပ်ထိမ်းမြားခဲ့ပြီး အခုဆိုရင် သားသမီးနှစ်ယောက်နဲ့အတူ သာယာပျော်ရွှင်တဲ မိသားစုဘဝကို ပိုင်ဆိုင်နေပြီလို့လည်း ဆိုပါတယ်။ ဂျက်ဆီကာကို ၁၉၈၀ ပြည့်နှစ် ဇူလိုင် ၁၀ ရက်မှာ မွေးဖွားခဲ့တာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ