play

 

တောင်ကိုရီးယားမင်းသား လီမင်ဟိုနဲ့ သရုပ်ဆောင်အဆိုတော် ဆူဇီတို့ရဲ့ အချစ်ရေးဟာ တစ်ခန်းရပ်သွားပြီဆိုတဲ့ သတင်းတွေကို နှစ်ဖက်အေဂျင်စီက ငြင်းဆိုလိုက်ပါတယ်။

လမ်းခွဲလိုက်တဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာစမှာ နှစ်ဖက်အေဂျင်စီက ချက်ခြင်းသတင်းမထုတ်သေးဘဲ အနုပညာရှင်နှစ်ဦးရဲ့ အချစ်ရေးကို အတည်ပြုပြီးမှ သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ တစ်ဦးနဲ့တစ်ဦးအဆင်ပြေပြေနဲ့ ဆုံနေကြတယ်လို့လည်း ဆူဇီရဲ့အေဂျင်စီ JYP Entertainment က ဖော်ပြခဲ့ပါတယ်။

play

 

နှစ်ယောက်လုံးက နာမည်ကျော်အနုပညာရှင်တွေပီပီ တစ်ယောက်ကိုတစ်ယောက် အချိန်မပေးနိုင်ကြတော့တဲ့အပေါ် သတင်းတွေထွက်လာတာပါ။ ဆူဇီနဲ့မင်ဟိုတို့ဟာ ယမန်နှစ် မတ်လမှာ စတင်တွဲခဲ့ကြတာဖြစ်ပြီး ဧပြီလမှာတော့ လူမြင်ကွင်းမှာ အတူတွဲလိုက်ကြတာဖြစ်ပါတယ်။

Source : Moonrok

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video