International Celebrity: ဓာတ်ပုံဆရာတွေကို ခြိမ်းခြောက်လိုက်တဲ့ ကက်ထရီနာကိဖ်

သူမဟာ ပါပါရာဇီတွေကို အလွန်မုန်းသူပါ။

play

 

ဘောလိဝုဒ် မင်းသမီးချော ကက်ထရီနာကိဖ်ဟာ သူမ ဘယ်သွားသွားလိုက်နေတဲ့ ပါပါရာဇီတွေကို သဘောမကျကြောင်း မကြာခဏဆိုသလို ပြတတ်ပါတယ်။

play

 

သူမရဲ့ချစ်သူ ရမ်ဘီရာကက်ပူးနဲ့ ကွဲကွာပြီးတဲ့နောက် အိမ်လိုက်ရှာနေစဉ်က ဓာတ်ပုံဆရာတစ်ဦးက သူမပုံကို ရိုက်ပြီး ဂျာနယ်ထဲ ထည့်ခဲ့ဖူးပါတယ်။ အဲဒိကတည်းက စလို့ သူမဟာ ပါပါရာဇီတွေကို လုံးဝကြည့်မရတော့ဘဲ ရဲတိုင်မယ်လို့ သူတို့ကို မကြာခဏ ခြိမ်းခြောက်လေ့ ရှိပါတယ်။

play

 

ဇူလိုင်လ ၃၀ ရက်နေ့ကလည်း ဆယ်လီအမြောက်အမြားပါဝင်တဲ့ Dream Team နယ်လှည့်ဖျော်ဖြေမှု အစီအစဉ်အတွက် အကတိုက်ဖို့ စတူဒီယိုကို အသွားမှာ ပါပါရာဇီတွေက သူမနောက်ကို တောက်လျှောက်လိုက်ပြီး ဓာတ်ပုံရိုက်ရဖို့ နာရီပေါင်းများစွာ စောင့်နေခဲ့ပါတယ်။

play

 

ကက်ထရီနာ ကားထဲက ထွက်လာချိန်မှာ သူမကို ဓာတ်ပုံရိုက်ဖို့ ဓာတ်ပုံဆရာ အုပ်လိုက်ကြီး ချက်ချင်းရောက်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ကက်ထရီနာက သူမနောက်ကို ဆက်လိုက်ရင် ရဲကို တိုင်မယ်လို့ စိတ်ဆိုးမာန်ဆိုး ပြန်ပြောလိုက်တယ်လို့ ဆိုပါတယ်။

Source & Photos : bollywood

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ