International Celebrity: အတွင်းခံသာသာ ဂျင်းဝမ်းဆက်လေးနဲ့ လေဒီဂါဂါ

စတူဒီယိုကို အသံသွင်းဖို့ သွားနေတာပါ။

play

 

ဒီလအစောပိုင်းမှာ ၅ နှစ် လက်တွဲခဲ့တဲ့ ခင်ပွန်းလောင်း တေလာကင်နီနဲ့ လမ်းခွဲခဲ့တဲ့ လေဒီဂါဂါကို လန်းဆန်းတက်ကြွစွာ မြင်တွေ့ရတဲ့အတွက် ခက်ခဲတဲ့ အချိန်တွေကို ကျော်ဖြတ်ခဲ့ပြီလို့ ယူဆရပါတယ်။

play

 

လေဒီဂါဂါဟာ ဝက်စ်ဗဲလေ့က အသံသွင်းစတူဒီယိုကို ဇူလိုင်လ ၃၁ ရက်က သွားချိန်မှာ သူမရဲ့ လှပတဲ့ကောက်ကြောင်းကို ဖော်ပြတဲ့ ဝတ်စုံလေးနဲ့ ဆက်စီကျကျ တွေ့ရှိရပါတယ်။

အသက် ၃၀ အရွယ် ဂါဂါဟာ ဂျင်းဝမ်းဆက်တိုလေးနဲ့ စတိုင်ကျကျလှပနေပြီး လက်တစ်ဖက်က ဂစ်တာကို ဆွဲလို့ နောက်လက်တစ်ဖက်ကလည်း အမေရိကန်အလံပုံ ကုတ်အင်္ကျီကို ကိုင်ကာ အလန်းစားပုံစံဖြစ်နေပါတယ်။

play
မကွဲကွာခင်က အတူတွေ့ရတဲ့ လေဒီဂါဂါနဲ့ သူမရဲ့ခင်ပွန်းလောင်း

 

သူမရဲ့ဆံပင်ရှည်ကို နောက်ဘက်ကို အုံလုံးသိမ်းပြီး ချည်ထားကာ နေကာမျက်မှန်အနက်၊ နားကွင်းကြီးကြီးတပ်ထားပြီး ပေါ့ပေါ့ပါးပါး ပုံစံလေး လုပ်ထားပေမဲ့ ခါတိုင်းထက်ကို နုပျိုလှပနေပါတယ်။

Source & Photos : dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ