International Celebrity: တရားစွဲမယ်လို့ ခြိမ်းခြောက်ခံနေရတဲ့ လင်ဆေးလိုဟန်

သူမ ဆဲဆိုခဲ့တဲ့ အမျိုးသမီးက တရားစွဲမယ်လို့ ပြောလိုက်တာပါ။

play
လင်ဆေးလိုဟန်နဲ့ ဒက်ရှာပါရှက်ကီနာ

 

လင်ဆေးလိုဟန်ဟာ ဒီဇိုင်နာ ဒက်ရှာပါရှက်ကီနာကို သူမရဲ့ ခင်ပွန်းလောင်း အက်ဂါတာရာဘက်ဆော့ဗ်နဲ့ အတူအိပ်တယ်လို့ စွပ်စွဲပြီး ရုရှားပြည့်တန်ဆာမလို့ ဆဲဆိုခဲ့တဲ့အတွက် ပြန်လည်တောင်းပန်ဖို့ ဒက်ရှာက ပြောလိုက်တာ ဖြစ်ပါတယ်။

ဟောလိဝုဒ် မင်းသမီး လင်ဆေးလိုဟန်က လူသိရှင်ကြား ပြန်မတောင်းပန်ဘူးဆိုရင် တရားဥပဒေအရ ဆောင်ရွက်သွားမယ်လို့လည်း ယင်းအမျိုးသမီးက ပြောခဲ့ပါတယ်။

play

 

အသက် ၃၀ အရွယ် လင်ဆေးက ယခု သူမနဲ့ ကွဲကွာသွားပြီဖြစ်တဲ့ ခင်ပွန်းလောင်းနဲ့ ဒက်ရှာကို တွစ်တာကနေ ကြမ်းတမ်းစွာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

play

 

ဒါပေမဲ့ ဒက်ရှာက လင်ဆေးလိုဟန်ပြောတာတွေဟာ ဆိုရှယ်မီဒီယာကနေ မဟုတ်မှန်ကြောင်းနဲ့ ပြန်လည်တောင်းပန်ဖို့ ပြောခဲ့ပါတယ်။

ယင်းကိစ္စတွေ မဖြစ်သေးခင်က သူမတို့နှစ်ဦးဟာ သူငယ်ချင်းတွေ ဖြစ်ပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ