International Celebrity: အခွဲလွန်တဲ့ဂါဝန်ကြောင့် ဂွမ်းသွားတဲ့ မယ်လ်ဘီ

ဒူးဖုံးအောင်ချုပ်ထားတဲ့ဝတ်စုံဟာ အပေါ်ပိုင်းလုံလုံခြုံခြုံရှိပေမယ့် ခါးအထက်ကစပြီး ခွဲထားတာပါ။

play

 

Spice Girls အဖွဲ့ဝင် မယ်လ်ဘီ (Mel B) ဟာ အသက် ၄၁ နှစ်ရောက်မှ လူပြောခံရစရာတစ်ခု ဖြစ်သွားခဲ့ပါတယ်။ မယ်လ်ဘီရဲ့ဖက်ရှင်ရွေးချယ်မှု မှားယွင်းခဲ့တယ်လို့ပဲ ဆိုရမှာပါ။ စနေညက ဟောလိဝုဒ်မှာ ပြုလုပ်ခဲ့တဲ့ Maxim Hot 100 ပွဲကို မယ်လ်ဘီက ခင်ပွန်းနဲ့အတူ ပွဲတက်ခဲ့ပါတယ်။ သူမ ဝတ်ဆင်ခဲ့တဲ့ ဒူးဖုံးအနီရောင်ဝတ်စုံဟာ ဘယ်ဘယ်ခါးအောက်ကစပြီး ခွဲထားတာပါ။

play

 

အတွင်းခံဝတ်မလာတဲ့ မယ်လ်ဘီက ခင်ပွန်းနဲ့အတူ ဓာတ်ပုံအရိုက်ခံနေစဉ်မှာပဲ သူမရဲ့ဝတ်စုံအောက်ပိုင်းက ဟသွားတာကြောင့် မမြင်အပ်တာတွေ ပေါ်သွားခဲ့ပါတယ်။ ခင်ပွန်းသည် စတီဖင် ဘီလာဖွန်တီကတောင် မယ်လ်ဘီရဲ့ဝတ်စုံကို လက်ညှိုးနဲ့ညွှန်ကာ စနောက်ခဲ့ပါသေးတယ်။

play

 

ရုပ်ရှင်ထုတ်လုပ်သူ စတီဖင်နဲ့ မယ်လ်ဘီတို့ဟာ လွန်ခဲ့တဲ့ ၉ နှစ်ကတည်းက လက်တွဲခဲ့ကြတာဖြစ်ပြီး သာယာတဲ့အိမ်ထောင်ကို ပိုင်ဆိုင်ထားကြသူတွေဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ