International Celebrity: ရှိုးပွဲတစ်ပွဲတည်းနဲ့ ဒေါ်လာ ၂ သန်းရပြီးနောက် ရွက်လှေပေါ်မှာ ပါတီပေးနေတဲ့ နီကိုးရှာဇင်ဂါ

ရုရှားဘီလျံနာတစ်ဦးအတွက် သီးသန့်ဖျော်ဖြေပေးခဲ့ရတာပါ။

play

 

နီကိုးရှာဇင်ဂါဟာ သီးသန့်ပါတီပွဲတစ်ပွဲမှာ ဖျော်ဖြေမှုအတွက် ဒေါ်လာသန်းနဲ့ချီရလိုက်ပြီးတဲ့နောက် ရွက်လှေပေါ်မှာ အားရပါးရ အပန်းဖြေ အနားယူနေပါတယ်။

play

 

အသက် ၃၈ နှစ်အရွယ် အမေရိကန်အဆိုတော်မလေးဟာ ဂရိနိုင်ငံ၊ မိုင်ကိုနိုစ်ကျွန်းမှာ ပြုလုပ်တဲ့ ရုရှားဘီလျံနာတစ်ဦးရဲ့ နွေရာသီ ပါတီပွဲမှာ ခဏတာဖျော်ဖြေမှုအတွက် ဒေါ်လာ ၂ သန်းခန့် ရလိုက်တယ်လို့ သိရပါတယ်။

play

 

ဖျော်ဖြေမှုအတွက် ငွေကြေးအပြင် မိုင်ကိုနိုစ်ကျွန်းမှာ ၃ ရက်လည်ပတ်ခွင့်၊ ဇိမ်ခံရွက်လှေကြီးပေါ်မှာ တစ်ရက်တာ အပန်းဖြေခွင့်နဲ့ ကျွန်းပေါ်က နာမည်ကြီး Buddha Bar မှာ ညစာစားခွင့်တို့လည်း ရရှိခဲ့တာ ဖြစ်ပါတယ်။

play

 

သီချင်းအနည်းငယ်ဆိုရုံနဲ့ လှပတဲ့ကျွန်းကြီးမှာ စိတ်ကြိုက်အနားယူခွင့်ရမှာ ဖြစ်တဲ့အတွက် အခုလို ကမ်းလှမ်းခံခဲ့ရတာကို နီကိုးရှာဇင်ဂါက အရမ်းကို ပျော်ရွှင်သွားခဲ့တယ်လို့ သူမနဲ့ ရင်းနှီးသူတစ်ဦးက ဆိုခဲ့ပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ