ကိုင်လီဂျန်နာဟာ အသက် ၁၉ နှစ်ပြည့်မွေးနေ့ရောက်ဖို့ ၁၀ ရက်လောက်လိုသေးပေမဲ့ မွေးနေ့ရောက်တဲ့အထိ မစောင့်နိုင်တော့ပါဘူး။
စူပါမော်ဒယ် ကန်ဒဲလ်ဂျန်နာရဲ့ညီမငယ် ကိုင်လီဟာ အတွင်းထိ ဖောက်ထွင်းမြင်နေရတဲ့ အနက်ရောင် တစ်ဆက်တည်းဝတ်စုံလေးနဲ့ West Hollywood က Nice Guy စားသောက်ဆိုင်မှာ မိသားစုနဲ့အတူ မွေးနေ့ ကျင်းပခဲ့ပါတယ်။
ဒီပွဲဟာ သူမရဲ့ မကြာသေးခင်က ထုတ်မယ်လို့ ကြေညာလိုက်တဲ့ မိတ်ကပ်ဘောက်စ်အသစ်အတွက် ဂုဏ်ပြုပွဲလည်း ဖြစ်ပါတယ်။
ကင်မ်ကာဒါရှီယန်နဲ့ ကလိုဝီကာဒါရှီယန်တို့ကလည်း သူတို့ရဲ့ ညီမငယ်လေးရဲ့ ပွဲကို ဆံပင်ကေ အသစ်တွေနဲ့ တက်ရောက်လာကြပါတယ်။
အခုတလော ပိုလှနေကြတဲ့ ညီအစ်မတစ်သိုက်ဟာ အခုလည်း တစ်ယောက်ကို ဆန်းသစ်လှပတဲ့ စတိုင်တစ်မျိုးဆီနဲ့ လန်းနေကြတာကို မြင်တွေ့ရပါတယ်။
Source & Photos : Daily Mail